Linoleum
အသက်ငါးဆယ်ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပ္ပံအစီအစဉ် တင်ဆက်ပေးနေတဲ့ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက သိပ္ပံပညာကို ဝါသနာပါပြီး အာကာသယာဉ်မှူး ဖြစ်ချင်ခဲ့ပေမယ့် လက်ရှိမှာတော့ တီဗီတင်ဆက်သူအဖြစ်ပဲ အလုပ်လုပ်နေရတယ်။ သူ့အစီအစဉ်က သိပ်မအောင်မြင်ဘဲ ညသန်းခေါင်အချိန်မှာပဲ ထုတ်လွှင့်ခွင့်ရနေရာက နောက်ဆုံး သူ့နေရာကိုပါ တခြားလူတစ်ယောက် ဝင်လာပါတယ်။ အစားဝင်လာတဲ့ ကန့်က ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်သလို ကမ်မရွန်ဖြစ်ချင်ခဲ့သမျှကို ပိုင်ဆိုင်ထားသူပါ။ အလုပ်မှာ အဆင်မပြေတဲ့အပြင် မိသားစုနဲ့လည်း ကတောက်ကဆတွေ ဖြစ်နေတဲ့ ကမ်မရွန်ဟာ ကိုယ့်အစွမ်းအစကို သက်သေပြပြီး ငယ်ဘဝအိပ်မက်ကို အကောင်အထည်ဖော်ချင်လာတယ်။ အဲဒီအချိန်မှာပဲ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု သူတို့အိမ်နောက်ဖေးခြံထဲ ပျက်ကျလာပါတယ်။ ဒီကိစ္စကြောင့် အိမ်က အစိုးရရဲ့ လုပ်ပိုင်ခွင့်အောက် ရောက်သွားပြီး လုပ်ငန်းတွေ မပြီးမချင်း နေခွင့်မရတော့လို့ မိသားစုလိုက် တခြားအိမ်မှာ ခဏပြောင်းနေရတယ်။ အဲဒီရပ်ကွက်မှာ သူ့သမီးကလည်း သူတို့လို အိမ်ပြောင်းလာတဲ့ ကျောင်းသားသစ်ကောင်လေးတစ်ယောက်နဲ့ တွေ့ပြီး သူငယ်ချင်းဖြစ်လာပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကို သုံးပြီး ကိုယ်ပိုင်ဒုံးကျည်တစ်စင်း ဆောက်ဖို့ လုံးပန်းနေတယ်။ ဇနီးဖြစ်သူ အီရင်က အစမှာ သဘောမတူလို့ စကားများကြပေမယ့် နောက်တော့ သူလည်း အတူဝင်ပြီး တည်ဆောက်ပေးလာပါတယ်။
ဇာတ်လမ်းအကြောင်း