ဇာတ်ကားများ ရွေးရန်

Shehzada

2023ဇာတ်ကားအမှတ် 5.3/10142 မိနစ်

ဆေးရုံတစ်ခုမှာ သားယောက်ျားလေး မွေးလို့ ပျော်နေကြတဲ့ မိသားစုနှစ်စု ရှိပါတယ်။ ကလေးနှစ်ယောက်က တစ်နေ့တည်း၊ တစ်ချိန်တည်း မွေးလာကြပေမယ့် ကြီးပြင်းရမယ့်ဘဝတွေက မတူကြဘူး။ တစ်ယောက်က ချမ်းသာတဲ့မိသားစုမှာ လိုလေသေးမရှိ နေရမှာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရုန်းကန်ရမယ့်ဘဝမှာ နေရမှာပါ။ ဘီလျံနာမိသားစုဆီမှာ အလုပ်လုပ်တဲ့ ဗယ်မီကီက အဲဒီအခြေအနေကို ပြောင်းပစ်လိုက်ပါတယ်။ သူ့သားကို ဘုရင်တစ်ပါးလို နေစေချင်ပြီး အလုပ်ရှင်ရဲ့သားကိုတော့ သူ့လို ရုန်းကန်ရတဲ့ဘဝမျိုး ကြုံစေချင်တာကြောင့် ကလေးနှစ်ယောက်ကို လဲပစ်လိုက်တယ်။ သူ့လက်ထဲမှာ ကြီးပြင်းလာတဲ့ ဘန်တူကို အမုန်းနဲ့ လျစ်လျူရှုမှုတွေပဲ ပေးခဲ့ပေမယ့် ချမ်းသာတဲ့အိမ်မှာ အလိုလိုက်ခံနေရတဲ့ သားအရင်း ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိနဲ့ ကြည့်နေခဲ့ပါတယ်။ Kartik Aaryan နဲ့ Kriti Sanon တို့ ပါဝင်ထားတဲ့ ဒီဇာတ်ကားမှာ မွေးကတည်းက ဘဝချင်းလဲခံထားရတဲ့ သူတို့နှစ်ယောက် ဘာတွေ ဆက်ကြုံရမလဲ၊ ကိုယ့်ဘဝအမှန်ကိုရော သိသွားကြမလားဆိုတာ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း