ဇာတ်ကားများ ရွေးရန်

Anger Management

2003ဇာတ်ကားအမှတ် 6.1/10106 မိနစ်

ဒေ့ဗ် ဟာ အရမ်းတော်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ် အရာရာတိုင်းကို စည်းစနစ်တကျ လုပ်တက်ပြီး အရှက်အကြောက်လဲ ကြီးသလို ဒေါသကိုလဲ မျိုသိပ်နိုင်သူဖြစ်ပြီး အောက်ကျို့တက်သူပါ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကိစ္စ တစ်ခုကို ချိန်းဆိုထားလို့ လေယဉ် နဲ့ ခရီးထွက်ရပါတော့တယ်... အဲ့ဒီမှာ ပြသနာက စတော့တာပါပဲ ဒေ့ဗ် ဘေးနားမှာ ကျပ်မပြည့်တဲ့ အူကြောင်ကြား ဘဲတစ်ပွေ ရောက်နေပြီး စိတ်အနှောက်အယှက်ဖြစ်စရာတွေကိုပဲ ဆက်တိုက်လုပ်နေခဲ့ပါတယ်... သက်သာလို သက်သာငြား ဆိုပြီး နားကြပ်လေးတပ်ပြီး ရုပ်ရှင်ကြည့်ဖို့ လေယဉ်မယ် ကို အကူအညီတောင်းခဲ့ပေမဲ့ တလွဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံး ကိုယ်ထိလက်ရောက်မှု နဲ့ တရားရုံးရောက်ခဲ့ပါတယ် တရားသူကြီးက အင်မတန်စိတ်ရှည်ပြီး ဒေါသထိန်းချုပ်နိုင်တဲ့ ဒေ့ဗ် ကိုမှ ဒေါသထိန်းချုပ်နည်း သင်တန်း တက်ဖို့ အမိန့်ချမှတ်လိုက်ပါတော့တယ် ကဲ ဒေ့ဗ် တစ်ယောက် အေးချမ်းတဲ့ ဘဝလေး ကနေ ဘယ်လို သောက်တလွဲ တွေ နဲ့ စတင်တော့မလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ဒီရုပ်ရှင်ကားကို Yuki Aurora က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်

ဇာတ်လမ်းအကြောင်း