Stroke of Luck
မြို့မှာ ကြော့ကြော့မော့မော့ နေတတ်တဲ့ နေသန်ဟာ ကျေးလက်မှာရှိတဲ့ သူ့အဖေရဲ့မွေးမြူရေးခြံကို သွားအလုပ်လုပ်ရဖို့ ဖြစ်လာပါတယ်။ ခြံကိုရောက်တာနဲ့ အလုပ်တွေက အလွဲလွဲအချော်ချော် ဖြစ်ကုန်တော့ မြို့ကိုပဲ အမြန်ပြန်ချင်နေတယ်။ ဒါပေမဲ့ အဖေက ဒီမှာ တစ်လအလုပ်လုပ်ပြီးမှ ပြန်ရမယ်၊ အလုပ်မလုပ်ရင် လုံးဝပြန်လို့မရဘူးလို့ ပြောထားပါတယ်။ မတတ်တတတ်နဲ့ အလုပ်လုပ်ရင်း အလွဲတွေဖြစ်နေတဲ့ နေသန်ကို ခြံမှာအလုပ်လုပ်တဲ့ ဆာရာဆိုတဲ့ ကောင်မလေးက ကူညီပေးတယ်။ အဲဒီလိုနဲ့ နှစ်ယောက်သား တဖြည်းဖြည်း ရင်းနှီးလာပြီး နေသန်လည်း ဆာရာကို သဘောကျလာပါတယ်။ တစ်လပြည့်တာနဲ့ နေသန် မြို့ပြန်သွားမလား၊ ဆာရာနဲ့ အချစ်ရေးကရော အဆင်ပြေပါ့မလား။ ၂၀၂၂ ခုနှစ်ထွက် အချစ်ဟာသဇာတ်ကားဖြစ်ပြီး မွေးမြူရေးခြံက အလွဲတွေအပြင် ကျေးလက်သဘာဝရှုခင်းတွေကိုလည်း တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း