ဇာတ်ကားများ ရွေးရန်

OMG! Oh My Girl

2022ဇာတ်ကားအမှတ် 6.3/10124 မိနစ်

ငယ်သူငယ်ချင်းဖြစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိကြပါတယ်။ ကောင်မလေးက သူငယ်ချင်းအဖြစ်ပဲ သဘောထားပေမယ့် ကောင်လေးကတော့ ဒီထက်ပိုပြီး နီးစပ်ချင်နေတယ်။ ဖွင့်ပြောလိုက်ရင်လည်း ကောင်မလေး စိတ်ဆိုးသွားမှာကြောက်တော့ ကိုယ့်စိတ်ကိုယ်မျိုသိပ်နေရတာပေါ့။ အဲဒီအချိန်မှာ သူ့သူငယ်ချင်းတစ်ယောက်က ကောင်မလေးကို သဘောကျနေကြောင်း လာပြောပြီး အကူအညီတောင်းလာပါတယ်။ ကောင်မလေး ဘာကြိုက်တတ်သလဲဆိုတာ ပြောပြပေးဖို့နဲ့ သူပေးတဲ့အကြံအတိုင်း လုပ်မယ်ဆိုပြီး အပူကပ်လာတာပါ။ ငြင်းဖို့လည်းခက်၊ ကူညီပေးချင်စိတ်လည်း မရှိတဲ့ကောင်လေးက ကောင်မလေး မကြိုက်လောက်တဲ့ အကြံတွေကို တမင်ပေးလိုက်တယ်။ ဒါပေမယ့် သူတွက်ထားသလို ဖြစ်မလာဘဲ အဲဒီအကြံတွေအတိုင်း လုပ်တဲ့သူငယ်ချင်းကို ကောင်မလေးက ပြန်သဘောကျသွားတဲ့အခါ ကောင်လေးအတွက် ပိုပြီးအခက်တွေ့ရပါတော့တယ်။

ဇာတ်လမ်းအကြောင်း