ဇာတ်ကားများ ရွေးရန်

Night of the Animated Dead

2021ဇာတ်ကားအမှတ် 6.2/1070 မိနစ်

ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊ World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့ Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက် သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့ အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကို ချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစား zombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။ Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ လူသားအချင်းချင်းစာနာမှု၊ တစ်ကိုယ်​ဆန် အတ္တကြီးမှု​တွေကို မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒီ​နေ့ခေတ် 3D animation​တွေနဲ့ ရိုက်ကူးထားတာမဟုတ်ပဲ ​ခေတ်​​​ဟောင်း 2D ကာတွန်းစတိုင်​ကို အသုံးပြုရိုက်ကူးထားလို့ မတူညီတဲ့အရသာတစ်မျိုးခံစားရ​စေသလို၊ Zombie ဘိုး​အေ animationရဲ့ ဇာတ်လမ်းဇာတ်ညွန်း​တွေက ဒီ​နေ့အချိန်ထိ ​ခေတ်မီ​နေ​ သေးတာကိုလည်း ​သေချာခံစားကြည့်ရင် သိရမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Chit Tee တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 11min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Horror Source : 1080p.WebRip Translator – JimX, Chit Tee Encoder – SWM

ဇာတ်လမ်းအကြောင်း