ဇာတ်ကားများ ရွေးရန်

Re/Member

2022ဇာတ်ကားအမှတ် 7.1/10103 မိနစ်

အထက်တန်းကျောင်းသူ အဆုကဟာ ဘယ်လိုကနေ ဘယ်လိုဖြစ်သွားမှန်းမသိဘဲ တစ်ခန်းလုံးရဲ့ ဖယ်ကြဉ်ခြင်းကို ခံနေရသူပါ။ တစ်ညမှာတော့ သူ့ဖုန်းဆီကို “အလောင်းရှာဖွေရေး” ဆိုတဲ့ ကစားပွဲအတွက် ရွေးချယ်ခံထားရကြောင်း စာတိုတွေ ဆက်တိုက်ဝင်လာပါတယ်။ ကြောက်လန့်နေတဲ့ အဆုက အိပ်လိုက်ပေမယ့် ပြန်နိုးလာတဲ့အခါ သူတို့ကျောင်းဝင်းထဲက ဘုရားကျောင်းမှာ ရောက်နေတယ်။ အဲဒီနေရာမှာ သူတစ်ယောက်တည်း မဟုတ်ဘဲ အတန်းဖော်တွေဖြစ်တဲ့ ရှိတာ၊ အာဆုရှိ၊ တာကာဟီရို၊ ရူမီကိုနဲ့ အတန်းခေါင်းဆောင် ရီအဲတို့လည်း ရောက်နေကြပါတယ်။ သူတို့အားလုံး မိမိဆန္ဒမပါဘဲ ဝင်လာရတဲ့ ဒီကစားပွဲမှာ အလောင်းတစ်ခုရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေရမှာပါ။ ကစားပွဲက ဘာကြောင့်ဖြစ်လာတာလဲ၊ ဘာလို့ သူတို့ခြောက်ယောက်ကို ရွေးထားတာလဲ၊ ဘယ်လိုအနိုင်ကစားရမလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးပါဘူး။

ဇာတ်လမ်းအကြောင်း