ဇာတ်ကားများ ရွေးရန်

Chakravyuham

2023ဇာတ်ကား111 မိနစ်

ရှရီနဲ့ ဆန်ဂျေးတို့က တစ်ယောက်ကိုတစ်ယောက် ချစ်လို့ လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံပါ။ တစ်နေ့မှာတော့ ရှရီ့ကို သူတို့အိမ်ထဲမှာပဲ လည်လှီးသတ်ဖြတ်ခံထားရတာ တွေ့လိုက်ရတယ်။ အပြင်ကနေ ဖောက်ထွင်းဝင်ရောက်ထားတဲ့ လက္ခဏာမရှိတာကြောင့် အတွင်းလူတစ်ယောက်ရဲ့ လက်ချက်ဖြစ်မယ်လို့ ယူဆကြပါတယ်။ အင်စပက်တာဆပ်တရာကလည်း စုံစမ်းစစ်ဆေးမှုစကတည်းက ဆန်ဂျေးကို သံသယဝင်နေတယ်။ တစ်ခုပြီးတစ်ခု တွေ့လာတဲ့ သက်သေတွေကပါ ဆန်ဂျေးဘက်ကို ညွှန်နေတော့ သူ့အတွက် ပိုပြီးအကျပ်ရိုက်လာပါတယ်။ ချစ်ရတဲ့ဇနီး အသတ်ခံရလို့ စိတ်ထိခိုက်နေရတဲ့အပြင် လူသတ်မှုမှာ သူအပြစ်ကင်းကြောင်းလည်း သက်သေမပြနိုင်ဘူး။ ဆန်ဂျေးကပဲ ရှရီ့ကို သတ်ခဲ့တာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်လည်း တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ထဲ ရောက်နေတာလား။

ဇာတ်လမ်းအကြောင်း