ဇာတ်ကားများ ရွေးရန်

The Chipmunk Adventure

1987ဇာတ်ကားအမှတ် 6.8/1077 မိနစ်

ဒီ​ Animationဇာတ်ကား​လေးက ၁၉၈၇ကတည်းက ထွက်ရှိခဲ့တဲ့ Chipmunk​လေး​တွေရဲ့ စွန့်စားခန်းကာတွန်းကား​ပဲ ဖြစ်ပါတယ်။ IMDbမှာ 7.2အထိ ရရှိထားပါတယ်။ ဇာတ်လမ်းက​တော့ သူတို့ရဲ့သခင်ဖြစ်သူ ​ ဒေ့ဗ် ဥ​ရောပကို အလုပ်နဲ့ခရီးထွက်သွားချိန် အိမ်မှာ ကျန်ခဲ့တဲ့ အယ်လ်ဗင်တို့ ချစ်မန့်ရှဉ့်​လေး ၃ကောင်နဲ့ ဘရစ်တနီတို့ ချစ်ပတ်ရှဉ့်​လေး ၃​ကောင်တို့ ကမ္ဘာတစ်ပတ်ဂိမ်းပြိုင်​ဆော့​​နေရင်း သူနိုင်ကိုယ်နိုင် ငြင်း​နေချိန် က​လောက်စ်နဲ့ က​လောက်ဒီယာ ဆိုတဲ့ သူ​ဌေး​မောင်နှမနှစ်​ယောက်က ရှဉ့်​လေး​တွေကို စရိတ်ငြိမ်းအ​နေနဲ့ တကယ့်အပြင်မှာ ကမ္ဘာပတ်ရမဲ့ ပြိုင်ပွဲတစ်ခု လုပ်​ပေးမယ်ဆိုပြီး ​ပြောလာပါတယ်။ တကယ်​တော့ အဲဒီ​သူ​ဌေး​မောင်နှမ​တွေက စိန်မှောင်ခိုကုန်သည်​တွေဖြစ်ပြီး ရဲ​​တွေမရိပ်မိ​​အောင် အယ်လ်ဗင်တို့နဲ့ကမ္ဘာအနှံ့က စိန်​မှောင်ခိုဝယ်သူ​တွေဆီ တစ်ဆင့်ခံပို့​ပေးဖို့ အကြံနဲ့ပြိုင်ပွဲလုပ်​ပေးတာပါ။ အယ်လ်ဗင်နဲ့ ဘရစ်တနီတို့​တွေ အသုံးချခံ ဖြစ်နေတာကို သိသွားကြမလား၊ သူတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ထဲမှာ ဘယ်လို အခက်အခဲ​နဲ့ အန္တရာယ်​တွေကို စွန့်စား​ကျော်ဖြတ်ရမလဲ ဆိုတာ ချစ်စဖွယ်ကြည့်ရှုရမှာပါ။ File size…      1.5 GB /  500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

ဇာတ်လမ်းအကြောင်း