ဇာတ်ကားများ ရွေးရန်

Infinity Pool

2023ဇာတ်ကားအမှတ် 6.4/10118 မိနစ်

စာရေးဆရာ ဂျိမ်းစ်ဟာ နောက်ထွက်မယ့် စာအုပ်အတွက် ဇနီးဖြစ်သူ ဂက်ဘီနဲ့အတူ ပြည်ပက ကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာပါတယ်။ အဲဒီမှာ သူ့စာဖတ်ပရိသတ် လင်မယားနှစ်ယောက်နဲ့ ဆုံမိပြီး ညစာအတူစားရင်း ခင်မင်သွားကြတယ်။ သူတို့ရောက်နေတဲ့ ဒေသမှာတော့ ရာဇဝတ်မှုတွေ မကြာခဏဖြစ်တတ်သလို ခရီးသွားတွေကို မနှစ်သက်တဲ့ ဒေသခံတွေက ပစ်မှတ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ စုံတွဲနှစ်တွဲက ကားတစ်စီးငှားပြီး ထွက်လည်ကြတယ်။ သောက်စားပြီး အပြန်လမ်းမှာ ဒေသခံတစ်ယောက်ကို ကားနဲ့တိုက်မိတော့ ထွက်ပြေးခဲ့ကြပါတယ်။ နောက်တော့ ခင်မင်ထားတဲ့ လင်မယားရဲ့ ချောက်ချမှုကြောင့် ဂျိမ်းစ်တို့လင်မယား ဒုက္ခရောက်သွားတယ်။ အဲဒီနိုင်ငံရဲ့ ဥပဒေအရ လူသတ်မှုကျူးလွန်သူကို သေဆုံးသူရဲ့သားက ပြန်သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးရတာပါ။ ကူကယ်ရာမဲ့နေတဲ့ ဂျိမ်းစ်ဆီကို သရက်ရှ်ဆိုတဲ့ စုံထောက်က ထူးဆန်းတဲ့ ကမ်းလှမ်းချက်တစ်ခု ယူလာပါတယ်။ ငွေအလုံအလောက်ရှိရင် ကိုယ်သေတာကို ကိုယ်တိုင်ပြန်ကြည့်ခွင့်ရမယ်ဆိုတာပါပဲ။ ဂျိမ်းစ်က အဓိပ္ပါယ်ကို သေချာမသိပေမယ့် အသက်မသေရရင်ပြီးရောဆိုပြီး လက်ခံလိုက်တယ်။ အဲဒီနောက် မေ့မျောသွားပြီး ပြန်သတိရလာတဲ့အခါ ဘာတွေကြုံရဦးမှာလဲ။

ဇာတ်လမ်းအကြောင်း