Hunt
ဟိုက်ဒရာဘတ်ရဲဌာနက ရဲမှူးချုပ် မိုဟန်နဲ့ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်၊ အာဟန်တို့ဟာ တစ်ဌာနတည်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေပါ။ တစ်ရက်မှာတော့ နိုင်ငံတော်ဂုဏ်ပြုဆုပေးပွဲမှာ အာဟန် ဆုလက်ခံပြီး မိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ မိုဟန်နဲ့ အာဂျွန်လည်း သူတို့မိတ်ဆွေကို သတ်သွားတဲ့တရားခံ ဖော်ထုတ်နိုင်ဖို့ အသည်းအသန် ကြိုးစားကြတယ်။ တစ်ညမှာ အာဂျွန်က အမှုမှန်ကို သိသွားပေမယ့် ကားတိမ်းမှောက်မှုဖြစ်ပြီး အတိတ်မေ့သွားပါတယ်။ ဒါကြောင့် မိုဟန်ရဲ့ လမ်းညွှန်မှုနဲ့အတူ သိထားပြီးသားအမှုကို အစကနေ ပြန်စုံစမ်းရတော့တယ်။ အာဂျွန်က ရက်ပိုင်းအတွင်း မွန်ဘိုင်းမြို့ကို ပြောင်းရတော့မှာမို့ အချိန်လည်း မများတော့ပါဘူး။ သူ့မိတ်ဆွေကို သတ်သွားသူ ဘယ်သူလဲဆိုတာ ပြန်ဖော်ထုတ်ပြီး အချိန်မီ ဖမ်းနိုင်ပါ့မလား။ တယ်လဂူဇာတ်ကား Hunt မှာ အာဂျွန်အဖြစ် Sudheer Babu က သရုပ်ဆောင်ထားပြီး ဇာတ်ကောင်အများကြီးထက် အမှုစုံစမ်းမှုနဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကို အဓိကထား ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း