ဇာတ်ကားများ ရွေးရန်

When Harry Met Sally...

1989ဇာတ်ကားအမှတ် 7.4/1096 မိနစ်

ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ နယူးယောက်ကို သွားကြတဲ့လမ်းမှာ ဟယ်ရီနဲ့ ဆယ်လီ စတွေ့ကြပါတယ်။ အဲဒီတုန်းကတော့ တွေ့ဆုံရုံနဲ့ပဲ ပြီးသွားခဲ့တယ်။ နောက်တစ်ကြိမ် လေဆိပ်မှာ ပြန်ဆုံတော့ နှစ်ယောက်စလုံး အလုပ်အကိုင်ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ တစ်ယောက်ကိုတစ်ယောက် မှတ်မိပြီး စကားပြောဖြစ်ကြပေမယ့် ဒီတစ်ခါလည်း သူတို့ကြားမှာ ဘာမှဆက်မဖြစ်ခဲ့ပါဘူး။ စာအုပ်ဆိုင်တစ်ဆိုင်မှာ ထပ်ဆုံကြတဲ့အချိန်မှာတော့ နှစ်ယောက်လုံးရဲ့ ဘဝက ပြောင်းလဲနေပါပြီ။ ဟယ်ရီက အိမ်ထောင်ကျခဲ့ပြီး ဇနီးဖြစ်သူရဲ့ စွန့်ခွာမှုကို ခံထားရသလို ဆယ်လီလည်း ရည်းစားနဲ့ ကွဲထားရတယ်။ အသည်းကွဲနေတဲ့သူနှစ်ယောက် ကိုယ့်ဘဝအကြောင်း သူ့ဘဝအကြောင်း ပြောဖြစ်ကြရင်း ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ အဲဒီကနေ သူငယ်ချင်းထက် ပိုတဲ့ဆက်ဆံရေးဆီ ရောက်လာတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက် သိနေကြပေမယ့် ပြဿနာတွေက ရှိနေဆဲပါ။ ဟယ်ရီနဲ့ ဆယ်လီက အမြင်မတူကြသလို ကိုယ့်အတ္တနဲ့ကိုယ် ငြင်းခုံတတ်ကြသူတွေပါ။ ဟယ်ရီက ယောက်ျားတစ်ယောက်ရဲ့ ရှုထောင့်ကနေ မြင်ပြီး ဆယ်လီကလည်း မိန်းမတစ်ယောက်ရဲ့ ရှုထောင့်ကနေ မြင်တယ်။ ဒါပေမယ့် တခြားသူတွေကို မပြောဖြစ်တဲ့အကြောင်းတွေပါ အချင်းချင်း ဖွင့်ပြောနိုင်ကြတယ်။ တစ်ယောက်အတွက်တစ်ယောက် အားကိုးစရာ ဖြစ်လာကြပေမယ့် ညှိယူလို့ရတဲ့ကိစ္စတွေရှိသလို ညှိမရတဲ့ ကွာခြားချက်တွေလည်း ရှိကြပါတယ်။ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်နေတာထက် တွေ့ဆုံမှုတစ်ခုနဲ့တစ်ခုကြား အချိန်တွေ ခြားနေတဲ့ အချစ်ဇာတ်လမ်းပါ။ အချစ်ရေးကို နေ့စဉ်ဘဝထဲက သာမန်လူတွေရဲ့ အဆင်မပြေမှုတွေ၊ ကွာခြားမှုတွေနဲ့ တွဲပြီး တင်ပြထားပါတယ်။ Meg Ryan၊ Billy Crystal နဲ့ Carrie Fisher တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း