ဇာတ်ကားများ ရွေးရန်

Unwelcome

2023ဇာတ်ကားအမှတ် 5.9/10104 မိနစ်

Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က အိမ်ထဲ အတင်းဝင်လာပြီး သူနဲ့ ခင်ပွန်း Jamie ကို ရိုက်နှက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် နှစ်ယောက်စလုံး စိတ်ဒဏ်ရာတွေ ရနေကြတယ်။ Maya မီးဖွားခါနီးတော့ Jamie ရဲ့အဒေါ် ကွယ်လွန်ပြီး အမွေပေးခဲ့တဲ့ အိုင်ယာလန်က ကျေးလက်အိမ်ဆီ ပြောင်းလာကြပါတယ်။ ဘဝသစ်စပြီး ကလေးကို အေးအေးဆေးဆေး မွေးနိုင်ဖို့ မျှော်လင့်ထားကြတာပါ။ အိမ်ကြီးနဲ့ ဥယျာဉ်ကျယ်ကျယ်ကို တွေ့ရတော့ လင်မယားနှစ်ယောက် ဝမ်းသာနေကြပေမယ့် အဒေါ်မှာခဲ့တဲ့ ကိစ္စတစ်ခုလည်း ရှိနေပါတယ်။ ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းကို မပျက်မကွက် ချကျွေးရမှာပါ။ သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့ သူတို့ကတော့ တချို့နေ့တွေမှာ ကျွေးဖို့ မေ့လာကြတယ်။ ဒီအလေ့အထကို ပျက်ကွက်မိရင် ဘာဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်မှာ ဘယ်လိုသတ္တဝါတွေ ရှိနေမလဲဆိုတာကို သူတို့ မသိကြသေးပါဘူး။

ဇာတ်လမ်းအကြောင်း