ဇာတ်ကားများ ရွေးရန်

Shaakuntalam

2023ဇာတ်ကားအမှတ် 5.5/104K

ပူရူအင်ပါယာရဲ့ မင်းကြီးဒူရှန်တာဟာ ရဲစွမ်းသတ္တိရှိပြီး မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်သူပါ။ ရှာကွန်သာလာကတော့ ကံအကြောင်းမလှလို့ မိဘမဲ့ဖြစ်ခဲ့ပြီး ဂုရုကြီးရဲ့ မွေးစားသမီးအဖြစ် ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒီနှစ်ယောက် ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်လာကြပေမယ့် အတူရှိနေနိုင်တဲ့ အချိန်က မကြာခဲ့ပါဘူး။ ရန်သူတွေနဲ့ တိုင်းပြည်တာဝန်တွေ ရှိနေတဲ့ ဒူရှန်တာဟာ ရှာကွန်သာလာကို သူ့နေရပ်မှာ ထားခဲ့ပြီး တိုင်းပြည်ဆီ ခဏပြန်သွားရပါတယ်။ ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ ကြုံလာရပြီး ဒူရှန်တာရဲ့ တိုင်းပြည်ကို လိုက်သွားဖို့ လုပ်လာတယ်။ ဒီခရီးကို အောင်အောင်မြင်မြင် သွားနိုင်ပါ့မလား၊ ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဒူရှန်တာကရော ချစ်သူကို လက်ခံပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ Dev Mohan နဲ့ Samantha Ruth Prabhu တို့က ဒီရာဇဝင်နောက်ခံ အချစ်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း