ဇာတ်ကားများ ရွေးရန်

Honor Society

2022ဇာတ်ကားအမှတ် 7.8/1097 မိနစ်

အော်နာဟာ နေရာတိုင်းမှာ အဆင့်တစ်ရချင်တဲ့ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူလေးပါ။ တစ်ယောက်ယောက်က ဖိအားပေးထားလို့ မဟုတ်ဘဲ ကိုယ်တိုင်က အောင်မြင်ချင်စိတ် ကြီးမားနေတာဖြစ်ပြီး ရည်မှန်းချက်အတွက်ဆို ဘာမဆိုလုပ်ဖို့ အသင့်ရှိပါတယ်။ သူအလိုချင်ဆုံးကတော့ ကိုယ့်အရည်အချင်းနဲ့ ဟားဗတ်တက္ကသိုလ်ကို တက်ခွင့်ရဖို့ပါ။ သူ့ရဲ့အတိုင်ပင်ခံ မစ္စတာကာဗင်က ဟားဗတ်နဲ့ အဆက်အသွယ်ရှိပြီး ကျောင်းဝင်ခွင့်အတွက် ထောက်ခံပေးနိုင်သူ ဖြစ်ပါတယ်။ အတန်းထဲက ထိပ်တန်းကျောင်းသားလေးယောက်အနက် ထိပ်ဆုံးတစ်ယောက်ကို ထောက်ခံပေးမယ်လို့ ပြောထားပေမယ့် အော်နာက အဆင့်လေးမှာ ရှိနေတယ်။ ဒါကြောင့် သူ့အထက်က သုံးယောက်ကို ပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ ကြံစည်ပါတော့တယ်။ အော်နာက ပြိုင်ဘက်တွေကို ယုံကြည်ချက်အပြည့်နဲ့ တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ဖို့ ကြိုးစားနေရင်း အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ မိုက်ကယ်ကို မထင်မှတ်ဘဲ ချစ်မိသွားပါတယ်။ ဒီလိုနဲ့ ရည်မှန်းချက်အတွက် ချထားတဲ့အစီအစဉ်ထဲကို အချစ်ရေးပါ ဝင်လာတော့တယ်။ ၂၀၂၂ ခုနှစ်ထွက် ကျောင်းနောက်ခံ အချစ်ဟာသကားဖြစ်ပြီး ဒါရိုက်တာ Oran Zagman ရိုက်ကူးထားပါတယ်။ အော်နာအဖြစ် Angourie Rice၊ မိုက်ကယ်အဖြစ် Gaten Matarazzo နဲ့ မစ္စတာကာဗင်အဖြစ် Christopher Mintz-Plasse တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း