ဇာတ်ကားများ ရွေးရန်

Rich in Love 2

2023ဇာတ်ကားအမှတ် 7.0/1089 မိနစ်

ခရမ်းချဉ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းအဆက်မှာ တက်တိုနဲ့ ပေါ်လာတို့ အမေဇုန်သစ်တောနောက်ခံနဲ့ ပြန်တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ရဲ့ အချစ်ရေးအခက်အခဲတွေနဲ့ တက်တို ရင့်ကျက်လာပုံကို ဆက်ပြထားတာပါ။ ပေါ်လာက အမေဇုန်တောမှာ လုပ်အားပေးဖို့ ထွက်သွားပြီးနောက် တက်တိုရဲ့အဖေက သူခွဲထွက်တည်ထောင်ထားတဲ့ ကုမ္ပဏီကို ဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူဖို့ ဖိအားပေးလာပါတယ်။ ခရမ်းချဉ်သီးစိုက်ပျိုးသူ များလွန်းတဲ့ တောင်ပိုင်းမှာ သူ့ကုမ္ပဏီ ရပ်တည်ဖို့လည်း ခက်ခဲလာတယ်။ ဒါကြောင့် ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ဖို့နဲ့ ပေါ်လာနဲ့လည်း အတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်း အမေဇုန်တောထဲမှာ ခရမ်းချဉ်သီးစိုက်ပျိုးရေးလုပ်ဖို့ ထွက်လာခဲ့ပါတယ်။ ပေါ်လာကတော့ သူ့အလုပ်မှာ တိုးတက်ချင်နေသူပါ။ တက်တိုက သူ့နောက်ကို အမြဲလိုက်နေသလို သူ့လုပ်ဖော်ကိုင်ဖက်နဲ့လည်း သဝန်တိုနေတာကြောင့် ပေါ်လာအတွက် စိတ်ရှုပ်စရာ ဖြစ်လာတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအပြင် အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေကိုလည်း ဇာတ်လမ်းထဲမှာ ထည့်ထားပါတယ်။

ဇာတ်လမ်းအကြောင်း