We Bought a Zoo
IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ စွန့်စားရမယ့်ကိစ္စမျိုးတွေကိုမှ ခုံမင်နှစ်သက်သူ စာရေးဆရာ Benjamin Mee ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ "We bought a zoo" ဆိုတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ စွန့်စားခန်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ဖခင်ဖြစ်သူတစ်ယောက်၊ သူမမျှော်လင့်ထားဘဲ ဇနီးဖြစ်သူရုတ်တရက် ကွယ်လွန်သွားတဲ့အခါ ကလေး ၂ ယောက်နဲ့ ဗျာများပြီး ကျန်ခဲ့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဇနီးဖြစ်သူရှိစဉ်က အိမ်ကိစ္စအဝဝကို လှည့်ကြည့်စရာမလိုလောက်အောင် နေခဲ့ရတဲ့ Benjamin တစ်ယောက် ဇနီးဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့ အဆင်မပြေမှုပေါင်းများစွာနဲ့ ကြုံလာရပါတော့တယ်။ အဆိုးဆုံးကိစ္စကတော့ သားကြီးဖြစ်သူ Dylan က ကျောင်းစည်းကမ်းချိုးဖောက်မှုအပါအဝင် စိတ္တဇပုံတွေ ရေးဆွဲနေလိ့ု ကျောင်းကနေ အထုတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ သားအဖနှစ်ယောက်ကြားမှာ ခါတိုင်းလို စေ့စပ်ညှိုနှိုင်းပေးနေကြ မိခင်ဖြစ်သူ မရှိတော့တာကြောင့်လည်း Dylan တို့နှစ်ယောက်က မကြာခဏဆိုသလို ကတောက်ကဆဖြစ်နေကြပါတယ်။ သမီးအငယ်လေး Rosie ကတော့ ဒီလိုတကျက်ကျက်ဖြစ်နေတဲ့ သားအဖနှစ်ယောက်ကြားမှာနေ နေရတဲ့သူလေး ဖြစ်ပါတယ်။ သားဖြစ်သူကျောင်းကထုတ်ခဲ့လိုက်ရတဲ့ကိစ္စအပြင် ဘယ်နေရာကိုပဲ ရောက်ရောက် ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဇနီးသည်ကိုပဲ တသသဖြစ်နေတာကြောင့် စိတ်အပြောင်းအလဲဖြစ်သွားအောင် အိမ်ပြောင်းဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ကြရင်း သမီးဖြစ်သူ Rosie ရဲ့ ရွေးချယ်မှုနဲ့ တိရစ္ဆာန်ရုံပါ အဆစ်ပါလာတဲ့ အိမ်ကို ဝယ်မိလိုက်တဲ့အခါမှာတော့ စွန့်စားရတာကြိုက်တဲ့ Benjamin တစ်ယောက် စွန့်စားခန်းပေါင်းများစွာနဲ့ ကြုံလာရပါတော့တယ်။ Translated & Review By Megumi Encoded By LK
ဇာတ်လမ်းအကြောင်း