Social Distancing
ကိုဗစ်ကာလအစောပိုင်းမှာ လူတွေ အိမ်တွင်းနေကြရပြီး စိတ်ထွက်ပေါက်အဖြစ် ဖုန်းတွေကို ပိုသုံးလာကြတဲ့အချိန်ကို နောက်ခံထားတဲ့ ဟောင်ကောင်ဟော်ရာရုပ်ရှင်ပါ။ နိုင်ငံခြားက ပြန်လာတဲ့ ချူထုံက YouTube ချန်နယ်ဖွင့်ပြီး ကြည့်ရှုသူများလာဖို့ ကြိုးစားနေပါတယ်။ သရဲတစ္ဆေနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာတွေ ရိုက်ပြရင် လူကြည့်များတယ်ဆိုတာကြောင့် သေဆုံးသွားသူတစ်ယောက်ရဲ့ဖုန်းကို တိုက်ရိုက်ထုတ်လွှင့်ရင်း ဖွင့်ပြလိုက်တယ်။ အဲဒီနောက် သူ့ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အဖြစ်တွေ စပေါ်လာပြီး ဒစ်ဂျစ်တယ်သရဲဆိုတာ ရှိတယ်လို့ ချူထုံ ယုံကြည်လာပါတယ်။ ဖြစ်နေတာတွေက တကယ်ပဲ သရဲကြောင့်လား၊ တခြားထူးခြားတဲ့ အကြောင်းတစ်ခုခုကြောင့်လားဆိုတာတော့ မရှင်းသေးဘူး။ ဇာတ်လမ်းထဲမှာ လူငယ်တွေ ဖုန်းအလွန်အကျွံစွဲလမ်းမှုရဲ့ ဆိုးကျိုးတွေနဲ့ မိသားစုကို လျစ်လျူရှုခဲ့လို့ နောင်တရချိန်မှာ ပြန်အဖတ်ဆယ်ဖို့ နောက်ကျသွားတာတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း