ဇာတ်ကားများ ရွေးရန်

Flirting Scholar (or) The Flirting Scholar

1993ဇာတ်ကားအမှတ် 7.4/10102 မိနစ်

IMDb Rating (7.6) ထိ ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ Epic ဇာတ်ကားတစ်ကားပါ။ မင်းသမီးကလဲ ဂေါင်လီဆိုတော့ ကြည့်သင့်နေပြီဆိုတာ သေချာပါတယ်။ စာပေအနုပညာအရာမှာ သူမတူအောင် ထူးချွန်သူ စတီဖင်ချောင်ဟာ သူ့ခေတ်မှာပေါ်ထွန်းတဲ့ ပညာရှိ ၄ ယောက်ထဲက အကျော်ကြားဆုံး ပညာရှင်ပါ.... လူတိုင်းက သူ့ကို လေးစားအားကျရလောက်အောင် မိန်းမကလဲ ၈ ယောက်တောင် ရှိပါတယ်။ ဒါပေမယ့် အရမ်းကို နက်နဲတဲ့ သူ့ဘဝကို တော်ယုံလူက မစာနာတတ်ဘဲ လိုတိုင်းရဘဝလို့ ထင်ကြပါတယ်။ သူ့မှာ အဓိက လိုအပ်နေတာ တစ်ခုရှိပါတယ်...ချစ်ခြင်းမေတ္တာပေါ့။ မိန်းမ ၈ ယောက်နဲ့ မလုံလောက်တဲ့ သူ့အချစ်တွေ ဘယ်သူ့ဆီမှာ ကျရှုံးမလဲဆိုတာ........။ အသေရီရတဲ့ ဇာတ်ကားပါ...တစ်ချိန်လုံး သွားမစေ့ရပါဘူး။ သူ့ရဲ့ ဟာသဖန်တီးနိုင်စွမ်းကို ဒီဇာတ်ကားမှာ တစ်ချိန်လုံးမြင်နေရပါတယ်..အသေးအဖွဲလေးတွေက အစ ရီရဖို့ လက်လွတ်မခံထားပါဘူး။ ဟာသရသ မကျန်ရစ်ရအောင် စာသံကဗျာသံတွေမှာလဲ အတတ်နိုင်ဆုံး ဆက်စပ်ပြီး ဘာသာပြန်တင်ဆက်ထားပါတယ်။ ခံစားအားပေးကြပါဦး။ File size…(999 MB) and (470 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lina & Missy

ဇာတ်လမ်းအကြောင်း