Born Dead
လူနာဆိုတဲ့ အမျိုးသမီးဟာ တိရစ္ဆာန်တွေကို ကလီစာထုတ်ပြီး မပုပ်မသိုးဘဲ အကောင်ပုံစံအတိုင်း ထိန်းသိမ်းထားရတာကို နှစ်သက်သူပါ။ တစ်နေ့ အပြင်သွားရင်း စိတ္တဇလူသတ်သမားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်သတ်နေတာ သူတွေ့လိုက်ရတယ်။ မိန်းကလေးက ပြန်ခုခံလို့ လူသတ်သမားလည်း ဒဏ်ရာရသွားပေမယ့် မိန်းကလေးကတော့ အသတ်ခံလိုက်ရပါတယ်။ လူနာက သူတို့နှစ်ယောက်လုံးကို အိမ်ခေါ်လာပြီး မိန်းကလေးရဲ့အလောင်းကို ဒီအတိုင်းထားလိုက်တယ်။ လူသတ်သမားကိုတော့ ကြိုးတုပ်ထားရုံတင်မကဘဲ ဒဏ်ရာတွေကိုပါ ဆေးကုပေးထားပါတယ်။ လူသတ်သမားမှန်း သိရက်နဲ့ သူ့ကို ဖမ်းထားပြီး ကုသပေးနေတဲ့ လူနာမှာ ဘာရည်ရွယ်ချက်ရှိနေတာလဲ။ ဖမ်းခံထားရသူကရော လူနာ့လက်က လွတ်နိုင်ပါ့မလား။ ဒီအတောအတွင်း လူနာ့ဆီ ရောက်လာမယ့်သူတွေ ဘာကြုံရဦးမလဲဆိုတာ ဆက်တွေ့ရမယ့် အီတလီသည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း