ဇာတ်ကားများ ရွေးရန်

Kanjoos Majnu Kharchili Laila

2023ဇာတ်ကားအမှတ် 2.0/10109 မိနစ်

ရီသိက်တို့ မိသားစုက ယောက်ျားတွေဟာ ချမ်းသာပေမယ့် ငွေသုံးဖို့ဆို အင်မတန် လက်တွန့်ကြသူတွေပါ။ အဘိုးကနေ မြေးအထိ ရည်းစားထားတာကအစ ကုန်ကျစရိတ်တွက်နေကြပြီး တစ်ပြားတစ်ချပ်ကိုပါ နှမြောတတ်ကြတယ်။ ဒီလို ကပ်စေးနှဲလွန်းတဲ့အဖြစ်ကို မိသားစုထဲက အမျိုးသမီးတွေ သည်းမခံနိုင်တော့တဲ့တစ်နေ့မှာ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ ရီသိက်ကိုယ်တိုင်လည်း ကပ်စေးနှဲသူဖြစ်ပေမယ့် သူအိမ်ထောင်ကျတဲ့ မိန်းကလေးကတော့ အကောင်းဆုံးဆိုတာတွေကိုမှ ကြိုက်ပြီး ငွေသုံးကြမ်းသူပါ။ အကျင့်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဇနီးမောင်နှံနှစ်ယောက်ကြားမှာ ဇနီးဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေသေးတယ်။ သူတို့နှစ်ယောက် ဘယ်လိုဖူးစာဆုံခဲ့ကြတာလဲ၊ ဇနီးမှာ ဘာတွေဖုံးကွယ်ထားတာလဲ၊ မိသားစုကို ပျက်ကွက်မိနေတဲ့ ယောက်ျားတွေကရော သင်ခန်းစာရကြမလားဆိုတာကို ဟာသနဲ့ ပြောပြထားပါတယ်။ Sehar Shehnaz ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း