ဇာတ်ကားများ ရွေးရန်

Attack the Block

2011ဇာတ်ကားအမှတ် 6.5/1088 မိနစ်

လန်ဒန်တောင်ပိုင်း ဘရစ်စတွန်က တိုက်ခန်းတွဲကြီးတစ်ခုရဲ့ ပတ်ဝန်းကျင်မှာ မိုးဇက်၊ ပက်ဇ်၊ ဂျရုန်း၊ ဘစ်ဇ်နဲ့ ဒန်းနစ်တို့ ပါဝင်တဲ့ BLOCK ဆိုတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ သူတို့က ညဉ့်နက်သန်းခေါင်ဆို ရပ်ကွက်ထဲ လျှောက်သွားပြီး ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်တတ်ကြသူတွေပါ။ တစ်ညမှာ အလုပ်ကပြန်လာတဲ့ သူနာပြုမလေး ဆမ်ကို သူတို့ ဓားပြတိုက်နေတုန်း အနီးကကားတစ်စီးပေါ် ကောင်းကင်က မီးလုံးကြီးတစ်ခု ကျလာတယ်။ ပစ္စည်းတစ်ခုခု ရနိုင်မလားဆိုပြီး သွားကြည့်ကြတဲ့အခါ မျောက်ဝံလိုပုံစံနဲ့ ကိုယ်ထည်နက်မှောင်တဲ့ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်က သူတို့ကို တိုက်ခိုက်ပါတယ်။ မိုးဇက်တို့လည်း အခဲမကျေဖြစ်ပြီး အဲဒီသတ္တဝါကို လိုက်သတ်ကြတယ်။ အကောင်သေကို ရောင်းရင် ပိုက်ဆံရမယ်ထင်လို့ ပြန်သယ်လာပြီး အနိုင်ရခဲ့တာကို ပျော်နေကြပေမယ့် ပြဿနာက အဲဒီမှာတင် မပြီးသေးပါဘူး။ နောက်ထပ်သတ္တဝါတွေ အများကြီး သူတို့မြို့ဆီ ရောက်လာကြပါတယ်။ ပွဲတော်ညဖြစ်လို့ မီးရှူးမီးပန်းတွေ ဖောက်နေကြတာကြောင့် တခြားလူတွေတင်မက ရဲတွေပါ သတိမထားမိကြဘူး။ မိုးဇက်တို့ကတော့ ဓားပြမှုကြောင့် ရဲလက်က ထွက်ပြေးနေရင်း ဒီသတ္တဝါတွေနဲ့ ထပ်ရင်ဆိုင်ရပါတော့တယ်။ ဒီညကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ဖို့ သူတို့ ဘယ်လိုကြိုးစားကြမလဲ။ ကျူးကျော်လာတဲ့ သတ္တဝါတွေကို ရှင်းပြီး ကိုယ့်နေရာကို ကာကွယ်ဖို့ ကြိုးစားတာကရော အောင်မြင်နိုင်ပါ့မလား။ ၂၀၁၁ ခုနှစ်ထွက် အက်ရှင်၊ စွန့်စားခန်းနဲ့ ဟာသဇာတ်ကားဖြစ်ပြီး လူငယ်တွေ ဦးဆောင်တဲ့ဇာတ်လမ်းဆိုပေမယ့် တိုက်ခိုက်မှုအခန်းတွေကတော့ ကြမ်းတမ်းပါတယ်။

ဇာတ်လမ်းအကြောင်း