ဇာတ်ကားများ ရွေးရန်

Lock, Stock and Two Smoking Barrels

1998ဇာတ်ကားအမှတ် 8.1/10105 မိနစ်

Eddy၊ Tom၊ Bacon နဲ့ Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ မြို့ထဲက ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ဖဲကစားရာကနေ ပေါင်ငါးသိန်း အကြွေးတင်သွားကြပါတယ်။ ဒီအကြွေးကို ခုနစ်ရက်အတွင်း ပြန်ဆပ်ရမှာမို့ ပိုက်ဆံအလွယ်ရနိုင်မယ့် နည်းလမ်းကို လိုက်ရှာနေကြတယ်။ အဲဒီအချိန်မှာပဲ ဘေးအခန်းက Dog တို့လူမိုက်အဖွဲ့ ဓားပြတိုက်ဖို့ တိုင်ပင်နေတာကို ကြားမိသွားပါတယ်။ သူတို့က ကိုယ်တိုင်ဓားပြသွားတိုက်မယ့်အစား Dog တို့ လုလာမယ့်ပစ္စည်းတွေကို ထပ်လုဖို့ ကြံကြတော့တယ်။ ငွေရှာဖို့ ကြံလိုက်တဲ့ ဒီအစီအစဉ်ကနေ ဘယ်လိုအရှုပ်အထွေးတွေထဲ ရောက်သွားကြမလဲ၊ သတ်မှတ်ရက်အတွင်း အကြွေးပြန်ဆပ်နိုင်ပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။ ဒါရိုက်တာ Guy Richie ရဲ့ ရာဇဝတ်မှုနောက်ခံ ဟာသအက်ရှင်ကားဖြစ်ပြီး ရုပ်တည်ကြီးနဲ့ လွဲကြတဲ့အဖြစ်တွေအပြင် သွေးထွက်သံယိုနဲ့ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း