ဇာတ်ကားများ ရွေးရန်

Demonic

2021ဇာတ်ကားအမှတ် 4.9/10104 မိနစ်

လူနာတစ်ယောက် ကိုမာ ဝင်သွားပြီဆိုတာနဲ့ လူနာလိုအပ်တာကိုပြုစုပေးဖို့ ဆရာဝန်တွေ၊ လူနာစောင့်တွေအတွက် တော်တော်ခက်ခဲပါတယ်။ လူနာက ဘာမှမပြောနိုင်တော့ဘူးလေ... အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မိုက်ကယ်ဒိုလော့စ် တို့အုပ်စုက နည်းပညာအသစ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် လူနာက ဖန်တီးထားတဲ့ပုံရိပ်ယောင်ထဲမှာ စကားမပြောဘူးဖြစ်နေပါတယ်။ ကိုမာဖြစ်ပြီး အသိစိတ်ရှိနေသေးတဲ့ လူနာ အန်ဂျလာ က သူ့နဲ့စကားပြောဖို့ သူ့သမီး ကာလေ ကိုခေါ်ပေးပါတဲ့... ကာလေ ကတော့ အမေ့ကို နာနာကျည်းကျည်းမုန်းနေပြီး အမေကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် အဖြေရှာမရဖြစ်နေသူပါ။ တစ်မြို့လုံးက ဝိုင်းပြောကြတယ်။ သူ့အမေက လူသတ်သမားတဲ့။ သူငယ်ချင်းဖြစ်သူ မာတင် ကတော့ သူ့အမေက တစ်ခုခုတွန်းအားပေးမှုကြောင့်ဖြစ်နေတာတဲ့။ အခုတော့.... နည်းပညာနဲ့ပုံဖော်ထားတဲ့ အိမ်မက်လိုလို ပုံရိပ်ယောင်ထဲမှာ အမေက သူ့နဲ့တွေ့ချင်တယ်တဲ့ ။ ကာလေ တစ်ယောက် ပုံရိပ်ယောင်ထဲကနေ သူ့အမေရဲ့အကြောင်းစုံကို ရအောင်ဖော်ထုတ်နိုင်ပါ့မလား ? သူ့အမေပြောတဲ့ စွမ်းအား ဆိုတာရောဘာလဲ? မာတင်ပြောတဲ့ စိတ္တဇဆန်ဆန် ဖိအားပေးမှုဆိုတာတွေရော? အားလုံးကို ကြက်သွန်နီအခွံခွာသလို တစ်လွှာချင်းတစ်လွှာချင်း အဖြေထုတ်သွားမှာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်။ နည်းပညာဗဟုသုတတွေလည်း ပါဝင်တာမို့ Horror / supernatural နှစ်သက်တဲ့ ပရိသတ်များ မြန်မြန်လေး ကြည့်ပြီး အဖြေရှာလိုက်တော့နော် ။ ။ File size…1GB and 1.6GB and 396MB Quality…720p and 1080p WEBDL DDP5.1CH and 480p Format…Mp4 Duration….1h 44mins Subtitle….Myanmar Subtiltle (Hard Sub) Encoder….YK Translated by JoJo Va and Htike Aung Win

ဇာတ်လမ်းအကြောင်း