Cirkus
သွေးသားမတော်စပ်ကြပေမယ့် မိသားစုတစ်စုတည်းမှာ အတူကြီးပြင်းလာရင် မောင်နှမရင်းတွေလို ချစ်ခင်ရိုင်းပင်းကြမယ်ဆိုတာကို ဆရာဝန်တစ်ယောက်က သက်သေပြချင်နေပါတယ်။ သူ့ရဲ့စူးစမ်းလိုစိတ်နဲ့ စမ်းသပ်မှုတစ်ခု လုပ်လိုက်ရာက ဒီဇာတ်လမ်း စလာတာပါ။ အမြွှာနှစ်တွဲထဲက တစ်ယောက်စီကို အပြန်အလှန်လဲပြီး မိသားစုနှစ်စုဆီ တစ်တွဲစီ မွေးစားဖို့ ပေးလိုက်တယ်။ နောက်တော့ ရုပ်ချင်းတူပေမယ့် လူချင်းလွဲနေတဲ့ အဲဒီအမြွှာနှစ်တွဲ တစ်မြို့တည်းမှာ ဆုံမိသွားကြပါတယ်။ အဲဒီကစပြီး လူမှားရာက ဖြစ်လာတဲ့ အလွဲအချော်တွေ တစ်ခုပြီးတစ်ခု ပေါ်လာတော့တယ်။ ဒီဘောလီဝုဒ်ဟာသကားမှာ ရန်ဗီးဆင်းက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ ပူးဂျာဟစ်ဂဒေ၊ ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်နီလီဗာနဲ့ ဆန်ဂျေးမစ်ရှရားတို့လည်း ပါဝင်ပြီး ဒီပီကားပါဒူကွန်ကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း