Those Who Call
မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက် အနေဝေးနေခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာ အရင်လို ပြန်ရင်းနှီးလာဖို့ အတူခရီးထွက်ကြပါတယ်။ လမ်းတစ်ဝက်မှာ ကားဓာတ်ဆီကုန်ခါနီးလို့ ဆီဆိုင်လိုက်ရှာရင်း ထူးဆန်းတဲ့ မြို့ဟောင်းတစ်မြို့ကို ရောက်သွားတယ်။ အစပိုင်းမှာ ဆီဆိုင်တင်မက အိမ်တစ်အိမ်တောင် မတွေ့ရတဲ့အပြင် ဖုန်းလိုင်းပါ ပျောက်သွားပါတယ်။ နောက်ဆုံး ဆီဆိုင်ဟောင်းတစ်ဆိုင်ကို တွေ့ပေမယ့် ဆိုင်ပိုင်ရှင်က သူတို့ကို တွေ့တွေ့ချင်း ငြင်းလွှတ်ပြီး မြို့ကနေ အမြန်ဆုံးထွက်သွားဖို့ ပြောတယ်။ မြို့အပြင်ဘက် သစ်တောထဲရောက်တော့ ညအချိန်မှာပဲ ကားဆီပြတ်သွားပါတယ်။ နှစ်ယောက်သား ကားထဲထိုင်နေတုန်း ညီမဖြစ်သူက လူရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ မနက်မိုးလင်းလို့ နိုးလာတဲ့အခါမှာတော့ သူတို့ဟာ ကားပေါ်မှာ မရှိတော့ဘဲ အောက်လမ်းပစ္စည်းတွေ ဝိုင်းထားတဲ့ တောလယ်တစ်နေရာကို ရောက်နေကြပါတယ်။ လူကို မမြင်ရပေမယ့် တီးတိုးသံတွေကို မကြာခဏ ကြားနေရပြီး ပျောက်သွားတဲ့ကားကို လိုက်ရှာကြရတယ်။ အဲဒီလိုရှာနေတုန်း ဆီဆိုင်ဟောင်းကလူရဲ့ သွေးတစ်စက်စက်ကျနေတဲ့ အလောင်းကို သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတာ တွေ့လိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း