ဇာတ်ကားများ ရွေးရန်

Raajahyogam

2022ဇာတ်ကား

တန်ဖိုးကြီးဝတ်စုံကို ဝတ်ပြီး နောက်ဆုံးပေါ်ပြိုင်ကားပေါ်က ဆင်းလာတဲ့ လူရွယ်တစ်ယောက်နဲ့ ကျော့ကျော့ရှင်းရှင်း ဝတ်စားထားတဲ့ မိန်းမပျိုတစ်ယောက်တို့ တွေ့တွေ့ချင်း အကြည့်ချင်းဆုံပြီး ရင်ခုန်သွားကြပါတယ်။ ဒါပေမဲ့ သူဌေးပုံစံပေါက်နေတဲ့ လူရွယ်က တကယ်တော့ သူ့ဆိုင်ကို လာပြင်တဲ့ကားတွေ စီးပြီး သူဌေးဟန်ဖမ်းနေသူပါ။ လှပပြီး ပိုက်ဆံရှိတဲ့ ကောင်မလေးကို ချဉ်းကပ်ချင်ရာက သူမသိတဲ့ စိန်လုမှုတစ်ခုထဲ ဝင်ပါမိသွားတယ်။ ဒီစိန်နှစ်တုံးကို ဓားပြတစ်ယောက်က လူသတ်လုယူခဲ့တာဖြစ်ပြီး သူ့တပည့်နှစ်ယောက်ကလည်း ဆရာကို ပြန်သတ်ကာ စိန်တွေ ယူပြေးလာကြပါတယ်။ သူတို့က စိန်တွေကို ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ဒူဘိုင်းကို ထွက်ပြေးဖို့ ကြံနေကြတာပါ။ လူရွယ်ကတော့ ကောင်မလေးကို ပိုးပန်းရင်း ဒီကိစ္စနဲ့ ဘုမသိဘမသိ ပတ်သက်မိလာသလို သူချဉ်းကပ်နေတဲ့ မိန်းကလေးကိုယ်တိုင်ကလည်း ထင်သလောက် မရိုးရှင်းဘဲ ဒီဇာတ်ရှုပ်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ အချစ်၊ ဟာသနဲ့ အက်ရှင်ကို တွဲထားတဲ့ ဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း