They Call Him OG (2025) အော်ရဂျင်နယ်ဂိုဏ်းစတား တေလဂူမင်းသားကြီး ပါဝမ်ကာလ်ယန်ရဲ့ ရုံတင်အမြတ်ငွေ ကုဋေ ၅၀ လောက်ပိုင်ဆိုင်ထားတဲ့ တောင်ပိုင်းကားလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ 1970 ခုနှစ် ယာကူဇာ ဆာမူရိုင်းတိုက်ပွဲရဲ့ တစ်ဦးတည်းသောရှင်ကျန်ရစ်သူ အိုဂျက်စ်ဂမ်ဘီရာ (အိုဂျီ) တစ်ယောက် ဘုံဘေကို ရွှေသယ်နေတဲ့ သင်္ဘောပေါ် လိုက်ပါဖို့ဖြစ်လာပါတယ်။ သင်္ဘော ဓားပြတိုက်ခံရချိန်မှာ သင်္ဘောပိုင်ရှင် ဆတ်ယာက ရွှေအစား လူတွေကို ဦးစားပေးကယ်တင်တာကိုမြင်ပြီး ဆတ်ယာရဲ့စိတ်ဓာတ်ကို သဘောကျသွားတဲ့ ဂမ်ဘီရာတစ်ယောက် ဆတ်ယာဆိပ်ကမ်းဆောက်မဲ့အကြံအစည်ကို ထောက်ခံပြီး ရန်သူတွေကနေ ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဆတ်ယာရဲ့ ထက်မြက်မှု ဂမ်ဘီရာရဲ့အကာအကွယ်တွေကြောင့် ဆိပ်ကမ်းကလည်းအကောင်အထည်ပေါ်လာသလို သူတို့အိပ်မက်တွေလည်း တကယ်ဖြစ်လာကြတာပေါ့။ ဒါပေမဲ့ ဆတ်ယာဒါဒါရဲ့ဆိပ်ကမ်းကရွှေတုံးဆိုတာကို မြင်လာတဲ့အခါ အကျိုးတူစီးပွားဖက်တွေကလည်း ဆိပ်ကမ်းကိုမောင်ပိုင်စီးချင်လာသလို ဒီဆိပ်ကမ်းကို မှောင်ခိုလုပ်ငန်းအတွက် မျက်စိကျတဲ့လူကကျနဲ့ သွေးချောင်းစီးဖို့ ဖြစ်လာချိန်မှာတော့... ကျွန်ဝောာ်တို့ရဲ့ ဇာတ်လိုက်ကျော် အိုဂျီ ဂမ်ဘီရာတစ်ယောက် သူ့ရဲ့ရပ်တည်ချက်အတွက် ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်