God's Time
ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေကို ပုံမှန်တက်ရောက်သူပါ။ အဲဒီမှာ ခင်မင်ခဲ့တဲ့ လူကာ၊ လူဝီလို့လည်း ခေါ်ကြတဲ့ သူငယ်ချင်းနဲ့အတူ လူတကာကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲလိုလို အလွဲတွေ ဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်လို့ လူရွေးပွဲတွေ မကြာခဏ ဝင်နေသူပါ။ တစ်ရက် တွေ့ဆုံပွဲမှာ ရက်ဟီနာဆိုတဲ့ ကောင်မလေးက ရည်းစားဟောင်းကို သတ်ပစ်ချင်တယ်လို့ ပြောလိုက်တယ်။ ဒက်ဗ်ကလည်း သူလူမသတ်မိအောင် လိုက်တားဖို့ လုပ်ပါတော့တယ်။ လူကာက ဒက်ဗ်ရဲ့ အလွဲတွေကို လန့်လို့ ဒီကိစ္စမှာ မပါချင်ပေမယ့် နောက်ဆုံးတော့ လိုက်ကူညီဖြစ်သွားပါတယ်။ လူငယ်တွေကြားက စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေနဲ့ အမှားတွေကို ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း