Arthur: Malediction
Arthur and the Invisibles သုံးကားတွဲကို အခြေခံအကြောင်းအရာယူပြီး ရိုက်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ဖွယ်ရုပ်ရှင်ပါ။ အစပိုင်းမှာ အရောင်အသွေးစိုစိုနဲ့ ကလေးဘဝရဲ့ စိတ်ကူးယဉ်ကမ္ဘာဆန်တဲ့ပုံစံကို ပြထားတာကြောင့် အာသာဇာတ်ကားတွေလို စိတ်ကူးယဉ်စွန့်စားခန်းတစ်ခုအဖြစ် ဆက်သွားမယ့်ပုံမျိုး တွေ့ရပါတယ်။ ဇာတ်လမ်းတစ်ဝက်နား ရောက်လာတဲ့အခါမှ ထိတ်လန့်စရာ အရိပ်အယောင်တွေ စပေါ်လာပြီး နောက်ပိုင်းမှာ သတ်ဖြတ်မှုတွေပါလာတဲ့အထိ အလှည့်အပြောင်းဖြစ်သွားတယ်။ မူလအာသာဇာတ်ကားတွေလို မှော်ဆန်တဲ့ကမ္ဘာမျိုးကို တိုက်ရိုက်ပြထားတာတော့ မဟုတ်ပါဘူး။ ရင်းနှီးပြီးသား စိတ်ကူးယဉ်ဇာတ်ကားရဲ့ အငွေ့အသက်ကနေ ထိတ်လန့်ဖွယ်ဘက်ကို ပြောင်းယူထားတာပါ။
ဇာတ်လမ်းအကြောင်း