Tinnitus
ဒိုင်ဗင်အားကစားမယ် မာရီနာဟာ နားထဲမှာ အသံတွေ အဆက်မပြတ်ကြားနေရတဲ့ နားအူဝေဒနာကို ခံစားနေရပါတယ်။ ဒီဝေဒနာကို Tinnitus လို့ခေါ်ပြီး ဇာတ်ကားထဲမှာ မာရီနာတစ်ယောက်တည်းရဲ့ အတွေ့အကြုံအပြင် သူ့လိုခံစားနေရတဲ့ တခြားသူတွေရဲ့အကြောင်းကိုလည်း ပြထားပါတယ်။ နောက်ဆုံး မာရီနာဟာ သည်းမခံနိုင်တော့တဲ့အတွက် ဒိုင်ဗင်အားကစားကို စွန့်လွှတ်ပြီး နားအူဝေဒနာကို ကုသဖို့ပဲ အာရုံစိုက်လိုက်ရတယ်။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ အားကစားကို အပြီးတိုင်လက်လွှတ်ဖို့ မလွယ်တာကြောင့် ဒိုင်ဗင်ပြန်လုပ်နိုင်ဖို့ ကြိုးစားလာပါတယ်။ သူချစ်တဲ့အားကစားကို ဆက်လုပ်နိုင်ဦးမလား၊ နားအူဝေဒနာကရော ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာကို ဇာတ်လမ်းတစ်လျှောက် ပြထားတယ်။ ဘရာဇီးလ်ရုပ်ရှင်ဖြစ်ပြီး ရိုက်ကွက်တွေနဲ့အတူ အသံပိုင်းကိုလည်း အလေးထားထားပါတယ်။ ဇာတ်ကောင်တွေ ခံစားနေရတဲ့ နားအူသံတွေကိုပါ ထည့်သွင်းအသုံးပြုထားတာကြောင့် မာရီနာရဲ့ဝေဒနာကို အသံကနေတစ်ဆင့်ပါ သိသာစေပါတယ်။
ဇာတ်လမ်းအကြောင်း