Bakasuran
အာရူလ်ဗာမာက စစ်မှုထမ်းအငြိမ်းစားတစ်ယောက်ဖြစ်ပြီး မှုခင်းအကြောင်းတွေ တင်ဆက်တဲ့ YouTuber လည်း ဖြစ်ပါတယ်။ နိုင်ငံအတွင်း ဖြစ်ပျက်သမျှကို သူ့အမြင်တွေနဲ့အတူ YouTube မှာ တင်ဆက်ပညာပေးနေသလို ရဲတွေရဲ့ အမှုစုံစမ်းမှုတွေမှာလည်း မကြာခဏ ဝင်ကူတတ်သူပါ။ တစ်နေ့တော့ သူ့တူမအရင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။ အစမှာ ပေးစားတဲ့သူကို မလိုချင်လို့ ဒီလိုလုပ်သွားတာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ တူမရဲ့ဖုန်း သူ့လက်ထဲရောက်လာပြီး WhatsApp ထဲက အကြောင်းအရာတွေကို သိလာတဲ့အခါ သေဆုံးမှုနောက်ကွယ်မှာ ထင်ထားသလောက် မရိုးရှင်းတဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဒီမှုခင်းဇာတ်ကားကို Mohan G. Kshatriyan က ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ထုတ်လုပ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း