ဇာတ်ကားများ ရွေးရန်

Easy A

2010ဇာတ်ကားအမှတ် 6.8/1093 မိနစ်

IMDb Rating (7.1) / Rotten Tomotes (85%) ဘဝမှာ ကောလဟာလကြောင့် အချောင်နာမည်ကြီးနေတတ်တာမျိုးကြုံရတတ်ပါတယ်... ကောင်းတဲ့ဖက်ကနာမည်ကြီးတာတော့ ရှားတတ်ပါတယ်...များသောအားဖြင့် မကောင်းတဲ့ဖက်မှာနာမည်ကြီးနေတာမျိုးပေါ့... ဘာလို့လဲဆို လူတစ်ယောက် ကိုယ့်ထက်နိမ့်ကျသွားတယ်ဆိုပြီး မြိန်ရည်ရှက်ရည် နှိမ်ချင်ကြလို့ပါပဲ.. ဂွေးတိုလေး...စနှိုက်ကြော်..ကက...စောက်ပေါလေး...ရုပ်ဆိုးမ...သွားခေါကောင်..ထိပ်ပြောင်....ငမွဲလေးတို့ စသည်ဖြင့်ပေါ့... မိမိရဲ့ ဖြစ်တည်မှုကို တခြားသူတွေက ကြည့်ပြီး အပုပ်ချဆုံးဖြတ်နေကြတာ ခံရခက်ပါတယ်... ဒီလိုလူ့အသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးတွေအကြောင်းကို ဒီဇာတ်ကားမှာ သရော်ထားပါတယ်... ဇာတ်ကားအဆုံးသတ်မှာပြောသွားတဲ့စကားလေးက ထိမိလွန်းပါတယ်။ " ကျွန်မရဲ့ အပျိုစင်ဘဝကို သူ့ကိုပေးရင် ပေးတော့မှာ..ဘယ်တော့လဲဆိုတာတော့ မသိဘူး နောက်၅မိနစ် နေရင်လည်း ဖြစ်သွားနိုင်တယ် ဒါမှမဟုတ် နောက် ၆လ ဒါမှမဟုတ် မင်္ဂလာဦးညကျရင်ပေါ့ .. ဒါပေမယ့် အံ့သြစရာ ကောင်းတာက အဲဒါ...ရှင်တို့အလုပ် မဟုတ်လို့ပဲ။ " ဒီဇာတ်ကားဟာ မင်းသမီး Emma Stone ရဲ့ မှတ်တိုင်လိုဖြစ်နေခဲ့ပြီး Budget $8 million သာကုန်ကျခဲ့ပေမယ့် Box Office မှာ $75 million ရရှိတဲ့အထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တာပါ။ Teen School ဇာတ်ကားတွေထဲမှာတော့ Rating မြင့် ရသစုံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.9 GB) and (1.1 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

ဇာတ်လမ်းအကြောင်း