ဇာတ်ကားများ ရွေးရန်

Partners in Crime

2022ဇာတ်ကားအမှတ် 2.0/10109 မိနစ်

လွန်ခဲ့တဲ့ ငါးနှစ်က ဂျက်ဟာ မြို့ထဲက ပွဲတွေ၊ အစီအစဉ်တွေမှာ လှည့်လည်ဖျော်ဖြေနေတဲ့ လူရွှင်တော်တစ်ယောက်ပါ။ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီးနောက် နှစ်ယောက်တွဲ အလုပ်လုပ်ကြရင်း အောင်မြင်လာကြတယ်။ ရိုစ့်ကတော့ ဂျက်ဟာ မိန်းမလျာတစ်ယောက်ဆိုတာ မရိပ်မိဘဲ သူ့ကို တစ်ဖက်သတ် ချစ်နေခဲ့ပါတယ်။ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုက သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းလာပေမယ့် တကယ်တမ်းမှာ ဂျက်တစ်ယောက်တည်းကိုပဲ ခေါ်သွားတယ်။ ချန်ထားခံရတဲ့ ရိုစ့်က အဲဒီကတည်းက ဂျက်ကို နာကျည်းမုန်းတီးသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျက်ဟာ ပရိသတ်အများကြီးရှိတဲ့ နာမည်ကျော်တင်ဆက်သူ ဖြစ်နေပြီ။ ဒါပေမဲ့ လည်ချောင်းပြဿနာကြောင့် အသံထိခိုက်လာချိန်မှာပဲ သူ့နေရာကို ဝင်ယူမယ့် ပြိုင်ဘက် ပေါ်လာတယ်။ အဲဒီသူကတော့ ကိုယ်တိုင်လည်း နာမည်ကြီးလာပြီဖြစ်တဲ့ ရိုစ့်ပါပဲ။ ဒီလို မတည့်ကြတဲ့ နှစ်ယောက်ကို ရုပ်သံလိုင်းသူဌေးက စိန်ခေါ်မှုတစ်ခု ပေးလိုက်ပါတယ်။ လုပ်ကြံမှု ၉၉ ကြိမ်ကနေ အသက်ရှင်လွတ်မြောက်ခဲ့ပြီး အိမ်ထဲမှာပဲ နေနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးကို အင်တာဗျူးရအောင် လုပ်နိုင်သူက အဲဒီနေရာကို ရမယ်တဲ့။ အရင်က လက်တွဲဖော်တွေဖြစ်ခဲ့တဲ့ ဂျက်နဲ့ ရိုစ့်တို့ ဒီတစ်ခါ ပြိုင်ဘက်တွေအဖြစ် ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကို Vice Ganda နဲ့ Ivana တို့ ပါဝင်ထားတဲ့ ဖိလစ်ပိုင်အက်ရှင်ဟာသဇာတ်ကားမှာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း