ဇာတ်ကားများ ရွေးရန်

How About Adolf?

2018ဇာတ်ကားအမှတ် 6.8/1091 မိနစ်

တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်တို့ လင်မယားက ဘွန်းမြို့ရှိ သူတို့အိမ်မှာ မိသားစုညစာစားပွဲ လုပ်ဖို့ စီစဉ်ထားကြပါတယ်။ ဖိတ်ထားသူတွေက အဲလိဇဘက်ရဲ့ မွေးစားအစ်ကို၊ မောင်ဖြစ်သူ သောမက်စ်နဲ့ သောမက်စ်ရဲ့ ကိုယ်ဝန်ဆောင်ရည်းစားတို့ပါ။ အလယ်တန်းပြဆရာမ အဲလိဇဘက်က ညစာအတွက် အလုပ်ရှုပ်နေတုန်း အခြားမြို့မှာ နေတဲ့ မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေရာက ဇာတ်လမ်းစပါတယ်။ အဲဒီညမှာ ဖခင်ဖြစ်တော့မယ့် သောမက်စ်က သားလေးအတွက် ပေးထားတဲ့နာမည်ကို ပြောလိုက်ရာကနေ မိသားစုကြား အငြင်းပွားစရာ ဖြစ်လာတယ်။ ယောက်ဖနှစ်ယောက် ကတောက်ကဆတ် ဖြစ်နေတုန်း သောမက်စ်ရဲ့ ရည်းစားကလည်း လူရွေးပွဲကနေ ညစာစားပွဲဆီ ရောက်လာပြီး စကားဝိုင်းထဲ ဝင်ပါလာပါတယ်။ စနောက်ရာကနေ ငြင်းခုံကြ၊ စကားနိုင်လုကြရင်း တစ်ယောက်ချင်းစီ ဖုံးထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ မကျေနပ်ချက်တွေ တဖြည်းဖြည်း ထွက်ပေါ်လာတယ်။ မိသားစုညစာဝိုင်းတစ်ခုကို အခြေခံထားတဲ့ ၂၀၁၈ ခုနှစ်ထွက် ဂျာမန်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း