The Lion King 1½
စင်ဘာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ တီမုန်နဲ့ ပွန်ဘာတို့အကြောင်းကို ပြောပြထားတဲ့ ဒီဇာတ်လမ်းက တီမုန်ရဲ့ မြွေပါအုပ်စုမှာ စပါတယ်။ အင်အားကြီးတဲ့ သားရဲတွေရဲ့ ရန်ကို အမြဲပူနေရတဲ့ သူတို့ဟာ ခွေးအတွေ လာစားမှာကို ကာကွယ်ဖို့ နေ့တိုင်း တွင်းတူးနေကြရတယ်။ တီမုန်ကတော့ တွင်းတူးလိုက်၊ ပုန်းလိုက်နဲ့ နေရတဲ့ ဒီဘဝကို မနှစ်သက်ပါဘူး။ အများနဲ့ အတွေးမတူတဲ့ တီမုန်ဟာ အုပ်စုထဲမှာလည်း အဆင်မပြေဖြစ်လာတယ်။ အပြင်လောကမှာ သူနဲ့ ကိုက်ညီမယ့် နေရာတစ်ခုတော့ ရှိရမယ်လို့ ယုံကြည်တာကြောင့် တစ်နေ့မှာ အမေနဲ့ အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးထွက်လာပါတယ်။ ဒါပေမဲ့ ဘယ်သွားရမယ်၊ ဘာလုပ်ရမယ်မှန်း မသိတော့လို့ ငိုနေတုန်း ပညာရှိမျောက်ကြီးတစ်ကောင်နဲ့ ဆုံမိတယ်။ မျောက်ကြီးက တီမုန်ရှာနေတာဟာ ဟာကူနာမာထာထာလို့ခေါ်တဲ့ အပူအပင်ကင်းတဲ့ဘဝပဲလို့ လမ်းစပေးလိုက်ပါတယ်။ အဲဒီဘဝကို တွေ့ချင်ရင် မြင်နေရတဲ့အရာထက် ကျော်ပြီး ကြည့်တတ်ဖို့လည်း အကြံပေးတယ်။ အပူအပင်ကင်းရာကို ရှာဖို့ ထွက်လာတဲ့ တီမုန်ဟာ လမ်းမှာ ဘယ်သူတွေနဲ့ ဆုံမလဲ၊ ဘယ်လိုအန္တရာယ်တွေ ကြုံရမလဲ၊ သူစိတ်ကူးထားတဲ့ ဘဝကိုရော ရှာတွေ့နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း