ဇာတ်ကားများ ရွေးရန်

Kitchen Brigade

2022ဇာတ်ကားအမှတ် 6.7/1097 မိနစ်

ကက်သီဟာ တီဗီကနေ လူသိများတဲ့ နာမည်ကြီးစာဖိုမှူးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးပါ။ ဟင်းထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ပေမဲ့ အလုပ်သစ်က ထင်သလောက် ရှာမရခဲ့ဘူး။ နောက်ဆုံး အလုပ်တစ်ခုရတော့လည်း သူ့ကို လှည့်ပြောပြီး ခေါ်ထားတဲ့နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာက ရွှေ့ပြောင်းလူငယ်တွေကို နေခွင့်ပေးထားတဲ့ အဆောင်တစ်ခုပါ။ ငွေကြေးအခက်အခဲကြောင့် အလုပ်ကို လက်ခံလိုက်ရပေမဲ့ အစပိုင်းမှာ ကက်သီ စိတ်မပါလှဘူး။ ဒါပေမဲ့ နိုင်ငံအသီးသီးကနေ ပြင်သစ်မှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့အတူ နေရင်း သူတို့အကြောင်းကို တဖြည်းဖြည်း နားလည်လာပါတယ်။ အချက်အပြုတ်အကြောင်းကနေတစ်ဆင့် ဥရောပမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားကြတဲ့ လူငယ်တွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲတွေကို ရိုက်ကူးထားတာပါ။ မူရင်းက ဖြစ်ရပ်မှန်နဲ့ ဆက်စပ်တယ်လို့ ဆိုထားတာဟာ အဓိကဇာတ်လမ်းတစ်ခုလုံးကို မဟုတ်ဘဲ ဒီလူငယ်တွေ ကြုံရတဲ့အခြေအနေတွေကို ရည်ညွှန်းထားပါတယ်။

ဇာတ်လမ်းအကြောင်း