Dumplings
တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်မင်းသမီး လီကတော်ဟာ အိမ်ထောင်ကျပြီးနောက် ခင်ပွန်းရဲ့ သစ္စာဖောက်မှုကို အကြိမ်ကြိမ် ခံနေရပါတယ်။ သူ့ရဲ့နုပျိုမှု ပျောက်ဆုံးလာလို့ အခုလိုဖြစ်တာလို့ ယူဆထားတဲ့ လီကတော်က ငယ်ရွယ်နုပျိုလာဖို့ နည်းလမ်းမျိုးစုံကို အသည်းအသန် ရှာဖွေနေတယ်။ အဲဒီလိုနဲ့ ထူးခြားတဲ့ဖက်ထုပ်တွေ ရောင်းတဲ့ ဒေါ်ကြီးမေကို တွေ့လာပါတယ်။ ဒေါ်ကြီးမေဟာ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုနေတာကို မြင်ရတော့ လီကတော်လည်း သူ့ဖက်ထုပ်တွေကို မြည်းစမ်းစားကြည့်တယ်။ အဲဒီဖက်ထုပ်တွေထဲမှာ ဘာပါဝင်ပစ္စည်းတွေ သုံးထားသလဲဆိုတာကတော့ မေးစရာဖြစ်လာပါတယ်။ Dumplings ဟာ Three... Extremes ထဲမှာ ပါဝင်ခဲ့တဲ့ Fruit Chan ရဲ့ ဇာတ်လမ်းတိုကို ဇာတ်ကားရှည်အဖြစ် ပြန်ရိုက်ထားတာပါ။ Three Husbands နဲ့ Made in Hong Kong တို့ကို ရိုက်ကူးခဲ့တဲ့ Fruit Chan ကပဲ ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး ရုပ်ရှင်ဓာတ်ပုံပိုင်းကို ခရစ္စတိုဖာဒွိုင်းက တာဝန်ယူထားပါတယ်။
ဇာတ်လမ်းအကြောင်း