ဇာတ်ကားများ ရွေးရန်

While You Were Sleeping

1995ဇာတ်ကားအမှတ် 7.0/10103 မိနစ်

ရထားဘူတာရုံမှာ အလုပ်လုပ်တဲ့ Lucy ဟာ ဘူတာကို ရထားလာစီးနေကျ အမျိုးသားတစ်ယောက်ကို တိတ်တိတ်လေး သဘောကျနေပါတယ်။ သူ့ဘက်ကသာ ကြိတ်ကြွေနေရပေမယ့် ဟိုဘက်ကတော့ Lucy ရှိနေမှန်းတောင် မသိပါဘူး။ တစ်နေ့မှာ အဲဒီအမျိုးသားဟာ လူရမ်းကားတွေကြောင့် ပလက်ဖောင်းပေါ်ကနေ ရထားသံလမ်းပေါ် ပြုတ်ကျသွားတော့ Lucy က ကယ်တင်ပြီး ဆေးရုံပို့ပေးလိုက်တယ်။ သူက ကိုမာဝင်နေပြီး မိသားစုဝင်တွေ ဆေးရုံရောက်လာတဲ့အခါ Lucy ကို သူတို့ရဲ့ချွေးမလောင်းလို့ အထင်မှားသွားကြပါတယ်။ Lucy မှာလည်း အဖြစ်မှန်ကို ရှင်းပြချိန်မရလိုက်ဘဲ ကိုယ်တိတ်တိတ်လေး သဘောကျနေသူရဲ့ မိသားစုကြားမှာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုနဲ့ ကြုံလာရတော့တယ်။ Sandra Bullock ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း