ဇာတ်ကားများ ရွေးရန်

Barking Dogs Never Bite

2000ဇာတ်ကားအမှတ် 6.8/10110 မိနစ်

Barking Dogs Never Bites (2000) IMDb rating - 7/10 ဒီကားကတော့၂၀၀၀ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ Dark comedy filmအမျိုးအစားဖြစ်ပါတယ်။ "ယွန်းဂျူ "က အလုပ်မရှိတဲ့ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး တိုက်ခန်းတွဲတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်သူ့မိန်းမနဲ့ အတူနေထိုင်ပါတယ်။ ယွန်းဂျူက တက္ကသိုလ်ပါမောက္ခရာထူးကိုရဖို့အတွက် အသည်းအသန်ကြိုးစားနေရသူပါ။ အလုပ်ရဖို့စိတ်ရှုပ်နေရတဲ့အချိန်မှာ ခွေးဟောင်သံကိုခဏခဏကြားရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။ ဟောင်သံပိုင်ရှင်ကိုလိုက်ရှာရင်း ရှီဇူးခွေးတစ်ကောင်ကိုတွေ့တော့ အဲဒီခွေးပဲလို့ထင်ကာ ဖမ်းပြီးခေါင်မိုးပေါ်ကနေလွှတ်ချဖို့ကြံပါတယ်။ ဒါပေမဲ့ မအောင်မြင်တာကြောင့် မြေအောက်ခန်းထဲက ဘီရိုထဲမှာသော့ခတ်ထားခဲ့ပါတယ်။ အဲဒီခွေးကို အစောင့်တစ်ယောက်က သတ်ပြီး ချက်ပြုတ်စားလိုက်တာကိုလည်း မထင်မှ တ်ဘဲတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့သူတို့တိုက်မှာ ခွေးတွေတစ်ကောင်ပြီးတစ်ကောင်ပျောက်လာပါတယ်။ "ဟွန်းနမ်"ကတော့ တိုက်ခန်းကြီးကြပ်ရေးရုံးက အတွင်းရေးမှုးတစ်ယောက်ပါ။ ခွေးပျောက်ကြော်ငြာတွေကပ်ဖို့ သူတို့ရုံးမှာ ခွင့်ပြုချက်လာတောင်းတာများလာတာကို သူလည်းသတိထားမိလာပါတယ်။ တစ်နေ့ကျတော့ ဟွန်းနမ်က အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်နေတုန်း လူတစ်ယောက်ကခွေးကိုခေါင်မိုးထပ်ကနေပစ်ချလိုက်တာကိုမြင်ပြီး လိုက်ဖမ်းဖို့ကြိုးစားပေမဲ့ မမိခဲ့ပါဘူး။ ခွေးပျောက်ကြော်ငြာတွေကပ်ပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ခွေးတွေကဆက်ပျောက်နေဆဲပါပဲ။ ခွေးတွေကဘာကြောင့်ပျောက်နေရတာလဲ။ အလုပ်မရှိလို့ စိတ်ညစ်နေတဲ့ယွန်းဂျူက ခွေးသတ်ရတာကိုသဘောကျပြီး ဆက်တိုက်သတ်နေတာလား။ အစောင့်က ခွေးသားစားဖို့အတွက်သတ်တာလား။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို ဇာတ်ကားထဲမှာဆက်လက်ရှုစားနိုင်ပါပြီ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) Quality__1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__01:50:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း