Bridget Jones's Baby
Bridget Jones ရဲ့ တတိယမြောက်ကားဟာ ဒုတိယကားထွက်ပြီး ဆယ်နှစ်လောက်အကြာ ၂၀၁၆ ခုနှစ်မှာ ထွက်လာတာပါ။ ဒီတစ်ခါမှာ ဒယ်နီရယ်ဇာတ်ကောင် မပါလာတော့ဘဲ နောက်ထပ်အမျိုးသားဇာတ်ကောင်တစ်ယောက် ပါလာပါတယ်။ ဘရစ်ဂျစ်နဲ့ မာ့ခ်တို့ကလည်း သဘောထားမတိုက်ဆိုင်ကြတာကြောင့် လမ်းခွဲထားကြပြီ။ မာ့ခ်ဟာ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းထားသလို ဘရစ်ဂျစ်ကတော့ သူငယ်ချင်းတွေ မိသားစုကိုယ်စီနဲ့ ဖြစ်နေချိန်မှာ တစ်ကိုယ်တည်း အလုပ်ပဲလုပ်နေခဲ့ပါတယ်။ အလုပ်ကသူငယ်ချင်း တိုက်တွန်းလို့ ဂီတပွဲတစ်ခုကို သွားရင်း အမှတ်မထင်ဆုံတဲ့ အမျိုးသားတစ်ယောက်နဲ့ အတူအိပ်ဖြစ်သွားတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေး ကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘတွေအဖြစ် ပါဝင်ရင်း သူတို့နှစ်ယောက်လည်း ပြန်အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ သုံးခဲ့တဲ့ အကာအကွယ်ပစ္စည်းတွေက သက်တမ်းလွန်နေတဲ့အတွက် ဘရစ်ဂျစ်မှာ ကိုယ်ဝန်ရှိလာပြီး ကလေးရဲ့ဖခင်က ဘယ်သူလဲဆိုတာ မသိတော့ဘူး။ ဂီတပွဲမှာဆုံခဲ့တဲ့ အမျိုးသားကလည်း မီလီယံနာသူဌေးတစ်ယောက် ဖြစ်နေပါတယ်။ ကိုယ်ဝန်အကြောင်း သိသွားကြတဲ့အခါ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ ကလေးကို အပြိုင်ဂရုစိုက်လာကြတယ်။ မာ့ခ်ကတော့ အလုပ်များလို့ ဘရစ်ဂျစ်လိုအပ်တဲ့အချိန် မရောက်လာနိုင်တာတွေရှိပြီး ကတောက်ကဆ ဖြစ်ရပြန်ပါတယ်။ DNA စစ်တဲ့အခါ ကလေးရဲ့ဖခင်က ဘယ်သူဖြစ်နေမလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးမလဲ၊ သူချစ်တဲ့သူနဲ့ ကလေးရဲ့ဖခင်က တစ်ယောက်တည်းဖြစ်နေမလားဆိုတဲ့ မေးခွန်းတွေကြားမှာ ဟာသအလွဲတွေပါ တွဲပါလာတယ်။ အဆိုတော် Ed Sheeran လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း