ဇာတ်ကားများ ရွေးရန်

Late Night with the Devil

2024ဇာတ်ကားအမှတ် 7.2/1093 မိနစ်4K

ဒီသရဲကားက သာမန် ကားတွေနဲ့ လုံးဝမတူဘူးဗျ.. Horror ကားစစ်စစ်အရသာကို Rating 7.2 နဲ့ အတော်လေးကောင်းတဲ့ ကားလို့ပြောလို့ရတယ် Horror အရသာကို အမှန်ကန်ခံစားစေရမှာဖြစ်ပြီး...Jumpscare တွေနဲ့ ဖြဲချောက်တာမဟုတ်ဘဲ ကြည့်ရင်း ကျောချမ်းစေလာမယ့်..ရုပ်ရှင်ဖြစ်ပြီး...တင်ဆက်ပုံကလည်း ထူးခြားပါတယ် ဇာတ်လမ်းကိုပြောရရင်..... အမေရိကရဲ့ Late Night Talk Show အစီအစဉ်တွေကြည့်ဖူးကြမယ်ထင်တယ်.. Celebrity တွေကိုဖိတ်ခေါ်ပြီးစကားတွေအပြန်အလှန်ပြော အင်တာဗျူးကြတဲ့အစီအစဉ်ပေါ့ ဒီ Late Night Show ကတော့.. ပရလောကသားတွေ သဘာဝလွန်ဖြစ်ရပ်ကြုံတွေ့ရသူတွေကို ဖိတ်ခေါ်ပြီး တိုက်ရိုက်တင်ဆက်တဲ့ talk show ပါပဲ... ၁၉၇၇ က talk show ပုံစံတွေအတိုင်း ဇာတ်တိုက်ထားခြင်းမရှိဘဲ non-stop တင်ဆက်တာပါ...ဒီအစီစဉ်ဟာ ဟော်လိုးဝင်းအထူးအစီအစဉ်ဖြစ်တာကြောင့် Late night with Devil စေတန်နှင့်ညနေခင်း ဆိုပြီး နာမည်ပေးလိုက်ပါတယ်... ဝိဉာဉ်လောကနဲ့ချိတ်ဆက်ပြီး စေတန်ကိုးကွယ်သူတွေကို ဖိတ်ခေါ်တယ်...ပညာရှင် ဖြစ်သူ ကာမိုက်ကယ်ဟေ့ဂ်က တကယ့်ဖြစ်ရပ်မှန်ရင် ဆုငွေ ဒေါ်လာ ၁ သိန်းဆုချမယ်လို့ ကြောငြာလိုက်တာကြောင့် နိုင်ငံအနှံ့စောင့်ကြည့်ရတဲ့အထိ နာမည်အတော်လေးကြီးသွားပါတယ်... အစပိုင်းမှာပျော်စရာကောင်းတဲ့ အစီအစဉ်အဖြစ်တင်ဆက်ရင်း...မသင့်တော်တဲ့ နတ်ဆိုးကြီးတစ်ကောင်ကို လူပေါင်းသိန်းချီကြည့်နေတဲ့ အစီစဉ်ရှေ့မှောက်ကို တိုက်ရိုက်ဖိတ်ခေါ်မိသွားတဲ့ အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စင်ပေါ်က ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေ...စင်နောက်ကွယ်က ဖြစ်ရပ်မှန်တွေနဲ့ အတော်လေးကြည့်ကောင်းတဲ့ Horror ရုပ်ရှင်တစ်ခုဖြစ်ပါတယ်.... ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(6.1 GB)/ (1.9 GB)/(981 MB) Quality….WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….01:33:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,Ka Naung Translated by Thiha Yan Naing

ဇာတ်လမ်းအကြောင်း