ဇာတ်ကားများ ရွေးရန်

From Fanfic to Love

2022ဇာတ်ကား89 မိနစ်

ယွန်းဟီးဟာ စိတ်ကူးယဉ်ပြီး fanfic ရေးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် လက်တွေ့မှာတော့ ရည်းစားတစ်ခါမှ မထားဖူးသူပါ။ အချစ်ရေးအတွေ့အကြုံမရှိဘဲ အချစ်ဝတ္ထုတွေရေးနေရတဲ့ သူ့ကို အယ်ဒီတာက လူကြီးဖတ် R-rated ဇာတ်လမ်းပါ ရေးခိုင်းလာတော့ အခက်တွေ့ရပါတော့တယ်။ စိတ်ကူးနဲ့ပဲ ရေးကြည့်ပေမယ့် အလုပ်က မတွင်ဘူးဖြစ်နေတယ်။ ဒါနဲ့ ယွန်းဟီးတစ်ယောက် ပထမဆုံးအတွေ့အကြုံကို ရှာဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း စိတ်ထဲကနေ တိတ်တိတ်လေး သဘောကျနေတဲ့ အစ်ကိုကြီးကို လက်မလွှတ်ချင်ဘူး။ သူ ဘယ်လိုရွေးချယ်မလဲ၊ အတွေ့အကြုံကို ဘယ်လိုရှာမလဲဆိုတာနဲ့အတူ သူငယ်ချင်းဆက်ဆံရေးတွေကိုပါ တွေ့ရမယ့် အချစ်ဟာသဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း