Murder Mystery 2
Nick Spitz နဲ့ Audrey Spitz တို့စုံတွဲရဲ့ စုံထောက်လုပ်ငန်းဟာ အလွဲတွေများလွန်းလို့ ဒေဝါလီခံရလုနီးပါး ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ဘီလီယံနာသူငယ်ချင်းဆီက မင်္ဂလာဆောင်ဖိတ်စာ ရလာတော့ ဖိတ်ကြားချက်ကို လက်ခံပြီး ဥရောပကို ခရီးထွက်လာကြတယ်။ ခမ်းနားတဲ့ဧည့်ခံမှုတွေကြား ပျော်နေကြတုန်းမှာပဲ သတို့သားဖြစ်တဲ့ သူဋ္ဌေး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရားခံကို ရှာဖို့ သံသယရှိသူတွေကို စစ်ဆေးကြတယ်။ ဒါပေမဲ့ စစ်ဆေးနေတဲ့ သူတို့နှစ်ယောက်ဆီကိုပါ သံသယတွေ ပြန်ရောက်လာတော့ အမှုက ပိုရှုပ်ထွေးသွားပါတယ်။ Adam Sandler နဲ့ Jennifer Aniston တို့ အဓိကသရုပ်ဆောင်ထားပြီး စုံတွဲနှစ်ယောက်ရဲ့ အလွဲတွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ မှုခင်းနဲ့ တွဲတင်ဆက်ထားတဲ့ ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း