Switch
ဘတ်ဂန်းဟာ ချစ်သူကို လက်လွှတ်ခဲ့ရပြီးနောက် နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်လာပေမယ့် ပေါ့ပေါ့ပျက်ပျက် နေတတ်သူပါ။ သူ့ဘေးမှာတော့ သူငယ်ချင်း ဂျိုယွန်းက မန်နေဂျာအဖြစ် အမြဲကူညီထောက်ပံ့ပေးနေတယ်။ အောင်မြင်မှုတွေ ရထားပေမယ့် ဘတ်ဂန်းရဲ့စိတ်ထဲမှာ နောင်တတွေ ရှိနေဆဲပါ။ တစ်နေ့မှာတော့ ဘတ်ဂန်းဟာ အရင်က လက်လွှတ်ခဲ့ရတဲ့အရာတွေကို ပြန်ရလာပြီး သူ့ရဲ့နာမည်ကြီးဘဝကို ဂျိုယွန်းက ရသွားပါတယ်။ ဝိညာဉ်ချင်း၊ ခန္ဓာကိုယ်ချင်း လဲသွားတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ဘဝတွေက လဲသွားတာပါ။ လူသိများတဲ့ဘဝကနေ အရေးမပါသူလို ဖြစ်သွားတဲ့ ဘတ်ဂန်းနဲ့ ရုတ်တရက် နာမည်ကြီးလာတဲ့ ဂျိုယွန်းတို့ရဲ့ အလွဲတွေကို ဆက်တွေ့ရပါတယ်။ Kwon Sang Woo၊ Oh Jung Se နဲ့ Lee Min Jung တို့ ပါဝင်ထားတဲ့ ဟာသ၊ ဒရာမာနဲ့ စိတ်ကူးယဉ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း