ဇာတ်ကားများ ရွေးရန်

Man of the House

2005ဇာတ်ကားအမှတ် 5.7/10100 မိနစ်

Man of The House(2005) IMB Rating 5.4/10 တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌ေလး‌ေတွ‌ေနှာထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ေယာက်ပါ၊ တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ပဲ လူသတ်မှုတခုကို မျက်မြင်‌‌ေတွ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌ေသ‌ေကာင်မ‌ေလး‌ေတွကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ေပါ်ကျလာပါ‌‌ေတာ့တယ်၊ အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ Chan forwarded a message Chan Thar Aung Million Dollar Lethal Listing (2024) IMB Rating 5.6/10 Duration 1Hr 25m Ton နဲ့ Becca တို့ကလက်ထပ်ဖို့အတွက်ပြင်ဆင်နေကြပြီး စေ့စပ်ထားတဲ့သူ၂ယောက်ပါ၊သူတို့၂ယောက်ကလက်ထပ်ပြီးရင်နေဖို့အတွက် အိမ်တလုံးဝယ်အတွက်ရည်ရွယ်ထားကြပြီး အေးချမ်းနေတဲ့သူတို့၂ယောက်ဘဝကလည်း သူတို့ရည်ရွယ်ထားတဲ့အိမ်ကိုဝယ်ယူရာမှာပဲ စပြီးပြောင်းလဲလာခဲ့ပါတယ်၊သူတို့စိတ်ကြိုက်အိမ်တလုံးကိုဝယ်ယူရာမှာပဲ ငွေကြေးလိမ်လည်ခံလိုက်ရပါတယ်၊ အဲ့နောက်မှာ ခင်ပွန်းလောင်းဖြစ်သူ Tom တယောက်အမူအရာတွေစပြောင်းလာတာကို Becs တယောက် မသင်္ကာရာကနေ ကိုယ်တိုင်စုံစမ်းရာကနေမှ မထင်မှတ်ထားတာတွေကြုံလာရပါတော့တယ်၊ဇာတ်ကားက အစပိုင်းမှာပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် Tom တယောက်ကကောဘာတွေလုပ်ထားတာလဲလဲ၊ငွေတွေကိုကော ဘယ်သူကလိမ်သွားတာလဲ၊Becs ကကောဘာတွေကိုသိလိုက်ရတာလဲ စသည်ဖြင့်အဖြေတွေတခုပြီးတခုပေါ်လာတာမို့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်လမ်းလေးဖြစ်တာမို့ ဆက်ဆက်ကြည့်သင့်တဲ့ဇာတ်ကားလေးတကားပါ

ဇာတ်လမ်းအကြောင်း