JCVD
JCVD ဆိုတာ အက်ရှင်မင်းသား Jean-Claude Van Damme ရဲ့ နာမည်အတိုကောက်ပါ။ ဒီဇာတ်ကားမှာတော့ ဗန်ဒိန်းရဲ့ ခံစားချက်တွေနဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲတွေကို အဓိကထားပြီး ဇာတ်လမ်းအစမှာ ကလေးအုပ်ထိန်းခွင့် တရားရင်ဆိုင်နေရတာကို တွေ့ရပါတယ်။ သူ့အက်ရှင်ဇာတ်ကားတွေကြောင့် ကျောင်းမှာ အလှောင်အပြောင်ခံရတယ်ဆိုတဲ့ သမီးက ဖခင်နဲ့အတူနေဖို့ မရွေးချယ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပြီး သူလည်း အမှုရှုံးသွားတယ်။ ဘယ်လ်ဂျီယံကို ပြန်ရောက်လာတော့လည်း ပြည်ပမှာ အနေကြာခဲ့တာကြောင့် ATM ကနေ ငွေထုတ်မရဘဲ ငွေကြေးအခက်အခဲ ကြုံရပြန်ပါတယ်။ ငွေလွှဲယူဖို့ ဘဏ်ကို သွားရာက ဓားပြတိုက်မှုတစ်ခုထဲ ပါသွားတော့တယ်။ ဒီတစ်ခါတော့ အက်ရှင်ဇာတ်ကားတွေထဲကလို တိုက်ခိုက်ဖြေရှင်းတာမျိုး မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်လို အခက်အခဲတွေ၊ ခံစားချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဗန်ဒိန်းကို အဓိကထား တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း