Kisaragi Station
ကီဆာရာဂီဘူတာရုံဟာ အပြင်မှာ တကယ်မရှိတဲ့ ဘူတာရုံတစ်ခုအကြောင်း ဂျပန်သရဲဒဏ္ဍာရီပါ။ ၂၀၀၄ ခုနှစ်မှာ ဟာဆာမီဆိုတဲ့ အကောင့်ကနေ အင်တာနက်ပေါ် ဝေမျှခဲ့ရာက လူသိများလာတဲ့ ဒီအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်စိတ်ကူးပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာ ကောလိပ်ကျောင်းသူ ဆုဆုမီက သူ့သုတေသနစာတမ်းအတွက် ကျောင်းဆရာမ ဟယာမာဆီ အင်တာဗျူးဖို့ ရောက်လာတယ်။ ဟယာမာဟာ ကီဆာရာဂီဘူတာရုံကနေ ပြန်ရောက်လာသူဖြစ်ပြီး တူမလေး ရင်နဲ့အတူ နေထိုင်နေသူပါ။ သူကြုံခဲ့ရသမျှကို ဆုဆုမီအား အသေးစိတ် ပြောပြပေးခဲ့တယ်။ အဲဒီအကြောင်းတွေကို နားထောင်ပြီး ဆုဆုမီကိုယ်တိုင် စမ်းသပ်ကြည့်ရာကနေ ကီဆာရာဂီဘူတာရုံဆီ ရောက်သွားတဲ့အခါမှာတော့ ကြားဖူးရုံသာရှိတဲ့ သရဲဒဏ္ဍာရီထဲကို သူကိုယ်တိုင် ဝင်ရောက်မိသွားပါတော့တယ်။
ဇာတ်လမ်းအကြောင်း