Beautiful Disaster
အက်ဘီဟာ ဖဲသမားအဖေရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးပါ။ အမေကလည်း မိသားစုကို စွန့်ခွာသွားခဲ့တာကြောင့် သူ့ငယ်ဘဝက မသာယာခဲ့ဘူး။ ငယ်ငယ်ကတည်းက ပိုကာနဲ့ ရင်းနှီးလာပြီး ပါရမီထူးသူတစ်ယောက် ဖြစ်လာပေမယ့် အက်ဘီလိုချင်တာက အဖေ့လိုဘဝမျိုးမဟုတ်ဘဲ တည်ငြိမ်အေးချမ်းတဲ့ သာမန်ဘဝလေးပါ။ ဒါကြောင့် အဖေဆီကနေ ထွက်လာပြီး ပိုကာလောကမှာ Lucky 13 လို့ သိကြတဲ့ဘဝကို ချန်ထားကာ ကောလိပ်ကျောင်းသူတစ်ယောက်အဖြစ် အသစ်စဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူငယ်ချင်းကြောင့် ဖိုက်တာလေး ထရားဗစ်ရဲ့ လက်ဝှေ့ပွဲကို သွားကြည့်ဖြစ်တဲ့အခါ ထရားဗစ်က အက်ဘီကို သဘောကျသွားပါတယ်။ အက်ဘီကတော့ အေးအေးချမ်းချမ်း နေချင်တဲ့သူမို့ ပလေးဘွိုင်းလေး ထရားဗစ်ကို အပြင်းအထန်ငြင်းပြီး တည်ကြည်တဲ့ ဆရာဝန်လေး ပါကာကိုသာ လက်ခံဖို့ ကြိုးစားနေတယ်။ ထရားဗစ်ဘက်ကလည်း အလွယ်တကူ လက်လျှော့မယ့်သူ မဟုတ်ပါဘူး။ တစ်ယောက်ကလိုက်၊ တစ်ယောက်ကရှောင်နေကြတဲ့ သူတို့နှစ်ယောက်ကြားကို အလောင်းအစားတစ်ခု ဝင်လာတဲ့အခါ နာမည်တပ်ရခက်နေတဲ့ ဆက်ဆံရေးက ပိုပြီးပေါ်လွင်လာတယ်။ အရှုပ်အထွေးတွေကနေ လွတ်ချင်တဲ့ အက်ဘီဟာ ထရားဗစ်ကိုပဲ စွဲလမ်းမိလာသလို လူမသိစေချင်တဲ့ အတိတ်ကလည်း ပြန်ပြီး ဒုက္ခပေးလာပါတယ်။ ဒီအချစ်ရေးနဲ့ အတိတ်ကပြဿနာတွေကို အက်ဘီ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပေါ့ပေါ့ပါးပါး လူငယ်အချစ်ဇာတ်လမ်းအဖြစ် ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း