ဇာတ်ကားများ ရွေးရန်

Murder Mystery

2019ဇာတ်ကားအမှတ် 6.3/1097 မိနစ်

နယူးယောက်က ရဲအရာရှိတစ်ယောက်ဟာ စုံထောက်စာမေးပွဲကို အကြိမ်ကြိမ်ဖြေပြီး အကြိမ်ကြိမ်ကျနေသူပါ။ အိမ်ထောင်သက် ၁၅ နှစ်ပြည့်တဲ့အခါ ဇနီးဖြစ်သူရဲ့ဆန္ဒကို လိုက်လျောပြီး လက်ထပ်စက ကတိပေးထားခဲ့တဲ့ ဥရောပခရီးကို လင်မယားနှစ်ယောက် ထွက်လာကြတယ်။ လေယာဉ်ပေါ်မှာ ကယ်ဗန်ဒစ်ချ်ဆိုသူနဲ့ ရင်းနှီးသွားပြီး သူ့ဦးလေး ဘီလီယံနာအဘိုးကြီးရဲ့ မင်္ဂလာဆောင်ဂုဏ်ပြုပွဲ ကျင်းပမယ့် အပန်းဖြေသင်္ဘောပေါ် လိုက်ဖို့ ဖိတ်ခေါ်ခံရပါတယ်။ ညရောက်တော့ မိသားစုနဲ့ မိတ်ဆွေတွေရှေ့မှာ အဘိုးကြီးက သူပိုင်ဆိုင်သမျှကို ဇနီးငယ်လေးဆီ လွှဲပေးဖို့ လက်မှတ်ထိုးတော့မယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက် မီးပြတ်သွားပြီး အဘိုးကြီး အသတ်ခံလိုက်ရတယ်။ အပန်းဖြေဖို့ ထွက်လာတဲ့ ရဲအရာရှိနဲ့ သူ့ဇနီးဟာ လူသတ်မှုထဲ ဝင်ပါရပြီး သံသယရှိသူတွေကို လိုက်စုံစမ်းကြပါတော့တယ်။ ဒါပေမယ့် သူတို့ သံသယဝင်တဲ့သူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတယ်။ ဘယ်သူ့ကို ယုံရမလဲမသိတဲ့အကြား လင်မယားနှစ်ယောက် အလွဲတွေနဲ့ စုံစမ်းကြပုံကို ပြထားတဲ့ ၂၀၁၉ ခုနှစ် ဟာသမှုခင်းရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း